Print

လည်ပင်း၊ နောက်စေ့၊ နားရွက်နောက်တို့မှ မနာသောအကျိတ်အဖုလေးများ

  02-Jun-2017
Preview Image


ကလေးတီဘီရောဂါဖြစ်လျှင် လည်ပင်းမှာ အကျိတ်လေးများ စမ်းမိတတ်သည်ဟု အများသိကြသည်။ မှန်လည်း မှန်ပါသည်။ သို့သော် လည်ပင်းမှာ အကျိတ်လေးများ စမ်းမိလျှင် တီဘီရောဂါရှိသည်ဟုတော့ ပုံသေနည်းဆွဲ၍မရပါ။ အကျိတ်များကြီးနေတိုင်း ရောဂါဖြစ်နေဆဲ တန်းလန်းဟု ယူဆ၍မရ။ ရောဂါပျောက်ပြီး သားလည်း ဖြစ်နိုင်သည်။ အကျိတ်က ရောဂါမဟုတ်။ ရောဂါကိုကုသည့်စနစ်ဖြစ်သည်။ 


 လည်ပင်း၊ နောက်စေ့၊ နားရွက်နောက်တို့တွင် ပေါ်သောအကျိတ်များက  ဖြစ်နိုင်သည့်အကြောင်း များစွာရှိသည်။ ဦးခေါင်းနှင့် လည်ပင်းတွင် မိတ်ပေါက်တာက အစပြည်တည်နာလေးများ ဖြစ်တာ၊ အာသီးရောင်တာ၊ လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အနာလေးတွေ ပေါက်တာ ကလေးများတွင် တစ်ခုမဟုတ် အမြဲဖြစ်နေတတ်သော အကြောင်းအရင်းများစွာရှိသည်။ ဦးခေါင်းနှင့် လည်ပင်းတွင် မိတ်ပေါက်တာက အစ ပြည်တည်နာလေးများဖြစ်တာ၊ အာသီးရောင်တာ၊ လည်ချောင်းနာတာ၊ ပါးစပ်ထဲမှာ အနာလေးတွေပေါက်တာ ကလေးများတွင် တစ်ခုမဟုတ်တစ်ခု အမြဲဖြစ်နေတတ်သော အကြောင်းရင်းများစွာရှိသည်။ 


 ဒါတွေကြောင့်ပေါ်လျှင် နာမနေပေမယ့် စမ်းလို့တော့ ရနိုင်သည်။ ဒီလိုကိစ္စလေးမျိုး တစ်ခုဖြစ်ပြီးလို့ အကျိတ်က နှစ်နှင့်ချီ၍ စမ်းလို့ရနေတာမျိုးလည်း ရှိတတ်သည်။ တီဘီကျိတ်ကတော့ လည်ပင်းအောက်ဘက်ပိုင်း ညှပ်ရိုးအပေါ်နားတစ်ဝိုက်မှာ တွေ့ရတာများသည်။ အပြွတ်လိုက် အပြွတ်လိုက် ဖြစ်နေပြီး တစ်ခုနှင့်တစ်ခု ခွာမရအောင် ကပ်နေလျှင်တော့ တီဘီကျိတ်ဖြစ်ဖို့ များသော်လည်း ရိုးရိုးအကျိတ်လေးများလို တစ်လုံးစ နှစ်လုံးစလည်း ဖြစ်နိုင်သည်။ နားရွက်နောက်၊ နောက်စေ့တို့မှ အကျိတ်များကတော့ တီဘီနှင့်သိပ်မဆိုင်။ 


 ကလေးက တီဘီ၏အခြားလက္ခဏာများဖြစ်သော တငွေ့ငွေ့ ဖျားနေခြင်း၊ ခေါင်းချွေးများ ပြန်ပြန်နေခြင်း၊ ညနေပိုင်း၊ အဖျားတက်ခြင်းတို့ ရက်ရှည်ဖြစ်နေပြီး အနီးအနားတွင်လည်း တီဘီရောဂါ မသင်္ကာဖွယ်ရာ လူကြီးတစ်ဦးဦး ရှိနေလျှင်တော့ ဒီအကျိတ်တွေက အရေးကြီးနိုင်သည်။ ကလေးက သလိပ်လည်း စစ်လို့မရ၊ သွေးအဖြေကလည်း အမြဲမမှန်တော့ ကလေးအထူးကု ဆရာဝန်များက ဓာတ်မှန်ရိုက်ကြည့်တတ်သည်။ ဒါတွေအားလုံး ပေါင်းစပ်တွက်ချက်ပြီး တီဘီဆေးတိုက်သည့်အခါလည်း ရှိမည်။ မတိုက်သည့် အခါလည်းရှိမည်။


Credit:

ပါမောက္ခ ရဲမြင့်ကျော် (ဒေါက်တာရဲ)

ကလေးအထူးကုဆရာဝန်ကြီး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18