Print

AIDS လူနာအား ပြုစုစောင့်ရှောက်ခြင်း

  23-May-2020
Preview Image

ရောဂါသည် အလွယ်တကူ မကူးစက်နိုင်ပါ။ ထို့ကြောင့် သာမန် လူမှုဆက်ဆံခြင်း၊ လူနာအား အစာကျွေးခြင်း၊ နေရာရွေ့ပေးခြင်း၊ ပွန်းပဲ့ဒဏ်ရာမရှိသော အရေပြားအား
ကိုင်တွယ်ခြင်း၊ ရေချိုးခြင်းကို ထုံးစံအတိုင်း ပြုလုပ်ပေးနိုင်ပါသည်။

အိမ်သုံးပန်းကန် ခွက်ယောက်များကို လူနာနှင့် မိသားစု ပေါင်းသုံးနိုင်ပါသည်။ သွားတိုက်တံ မုတ်ဆိတ်ရိတ်ဓား၊ မျက်နှာသုတ်ပဝါများကို လူနာနှင့် မျှဝေ မသုံးသင့်ပါဘူး။ လူနာ၏
ခန္ဓာကိုယ်မှ ထွက်သောအရည် စွန်းပေသွားသော အဝတ်အစားနှင့် အိပ်ရာခင်းတို့ကို
အရောင်ချွတ်ဆေးမှုန့်အရည် Bleach တွင် မိနစ် ၃၀ စိမ်ပြီးမှ လျှော်ဖွပ်ရပါမည်။ ၎င်းအဝတ်အစားများကို ကိုင်တွယ်ရာတွင်လည်းကောင်း၊ ပြုစုသူ၏ လက်တွင် ထိခိုက်ဒဏ်ရာ ရရှိပါကလည်းကောင်း လက်အိတ်ကို အသုံးပြုရပါမယ်။

ရေချိုးခန်း၊ အိမ်သာများကို အမြဲသန့်ရှင်းအောင် အရောင်ချွတ်ဆေးမှုန့်အရည် Bleach ဖြင့် ဆေးကြောခြင်းဖြင့် အတူနေ မိသားစုအားလုံး သုံးစွဲနိုင်ပါသည်။ ငှက်ပျောဖူးပုလင်း နှစ်
ပုလင်းစာ ရေထဲသို့ အရောင်ချွတ်ဆေးမှုန့် ထမင်းစားဇွန်း တစ်ဇွန်းထည့်မွှေခြင်းဖြင့်
အသုံးပြုရန် ငါးရာခိုင်နှုန်း အရောင်ချွတ်ဆေးမှုန့် အရည်ကို ရနိုင်ပါသည်။

လူနာ၏ အညစ်အကြေးများ စွန်းပေနေသော တစ်သျှူးစက္ကူများ၊ ပတ်တီး၊ ဂွမ်းများကို ပလတ်စတစ်အိတ်တွင် ထည့်၍ကြိုးနှင့်ချည်ပြီး မီးရှုံ့ပါ။ ပြုစုသူများသည် လူနာအသုံးပြုပြီးသော
ဆေးထိုးအပ်များကို ပုလင်းထဲသို့ထည့်ကာ စွန့်ပစ်ပါ။

Credit : ဒေါက်တာအောင်စန်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18