Print

အားဖြည့် အချိုရည်များက ဆယ်ကျော်သက်များကို ဆီးချိုရောဂါဖြစ်စေနိုင်

  22-May-2020
Preview Image

ခွန်အားဖြည့် အချိုရည် (Energy Drink) များကို ဆယ်ကျော်သက်များ အနေနဲ့ သောက်သုံးမှု ပြုလုပ်တဲ့အခါ ဆီးချိုရောဂါဖြစ်ပွားနိုင်ကြောင်း ဗြိတိန်နိုင်ငံမှ တက္ကသိုလ်တစ်ခုမှ သုတေသန ပြုလုပ်ဖော်ထုတ်ခဲ့ ပါတယ်။

အားဖြည့် အချိုရည်များဟာ အရွယ်ရောက်ပြီး (အသက် ၁၈ နှစ်ပြည့်ပြီး) အထက်များ အတွက်သောက်သုံးရန်သာ ဖြစ်ပြီး အကယ်၍ ယင်းအရွယ်တွေ
သောက်သုံးရင်တောင် သွေးချို၊ ဆီးချို ဖြစ်ရန် အခံရှိသူများ သို့မဟုတ် နှလုံးရောဂါရှိသူများ အနေနဲ့ ရှောင်ကြဉ်ရန်လိုအပ်ကြောင်း ဆိုပါတယ်။ အသက် ၁၀ နှစ်အထက်ကနေ ၁၈ နှစ်အောက် လူငယ်များ သောက်သုံးလာမှုများ ရှိလာတာကြောင့် ဖြစ်လာနိုင်ဖွယ် ကျန်းမာရေး ရလဒ်ဆိုးကျိုးကိုဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။

အားဖြည့်အချိုရည်ကို သောက်လိုက်ပြီဆိုတာနဲ့ ကိုယ်တွင်းက အင်ဆူလင်နဲ့ ကဖင်းဓာတ်ကို မြင့်တက်စေပြီး သွေးထဲက ဂလူးကိုစ့်ဓာတ်ကို ကျဆင်းစေပါတယ်။ အဓိကကတော့ ကဖင်းဓာတ် ဝင်ရောက်မှု များပြားခြင်း ဖြစ်ပါတယ်။ လူငယ်များရဲ့ ကိုယ်တွင်းလုပ်ဆောင်ချက်ဟာ ကဖင်းဓာတ်ကို စုပ်ယူမှုအားများတာကြောင့် သာမန်လူကြီးတစ်ယောက် သောက်တာထက် ပိုပြီးတော့ ကဖင်းဓာတ်ပို စုပ်ယူပါတယ်။

တစ်ရက် တစ်ဗူး သို့မဟုတ် နှစ်ရက် တစ်ဗူး အစရှိသဖြင့် တစ်လကို အဗူးရေ ၁၀ ဗူးအထက် သောက်သုံးမှုဟာ နောင် ၁၀ နှစ်ပြည့်တဲ့အချိန်မှာ ဆီးချိုရောဂါနဲ့ အခြား ဆီးလမ်းကြောင်း ဆက်စပ်ရောဂါ၊ နှလုံးရောဂါများကို ဖြစ်ပေါ်စေကြောင်း ဆိုပါတယ်။ ခွန်အားဖြင့် အချိုရည်များကို အသက် ၁၈ နှစ်အောက်မှာ သောက်သုံးမှုကို ရှောင်ကြဉ်စေရန် လိုအပ်သလို၊ အရွယ်ရောက်ပြီးသူများအနေနဲ့လည်း မလိုအပ်ပဲ အချိုဓာတ် ဆာလောင်မှုကြောင့် သောက်သုံးခြင်းကို အထူးရှောင်ကြဉ်ရန် လိုအပ် ပါတယ်။

Credit : အောင်ခမ်း (ရိုးရာလေး)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18