မိတ်ကိုဘာဆေးတွေလိမ်းပေးရမလဲ
08-May-2020
အယားသက်သာအောင်ရယ်၊ ချွေးပေါက်ပိတ်တာ သက်သာအောင်ရယ်၊ လိမ်းဆေးတွေ ပေးရပါမယ်။
မင်သော (Menltol) ပရုပ် (Camphor)၊ ဂလစ်စရင်း (Glycerin) ဆယ်လစ်စစ်လစ်အက်ဆစ်
(Salicylic acid)ပါတဲ့ လိမ်းဆေးအရည်တွေ လိမ်းသင့်ပါတယ်။
အလွယ်ရနိုင်တဲ့ ကယ်လ်မင်းလိမ်းဆေးအရည် (Calamin Lotion) ဟာ မိတ်အတွက်
အလွန်သင့်လျော်တဲ့ ဆေးရည်ပါ။ ဒီဆေးလိမ်းပြီးရင် အေးသွားသလို (Cooling Effect)
ခံစားရရှိနိုင်တာမို့ပါ။ မြန်မာပီပီ သနပ်ခါးရည်ကျဲကျဲလေး လိမ်းထားရင်လည်း
မိတ်ကိုသက်သာစေပါတယ်။
နောက်ပြီးတော့ အရေပြားရောင်ရမ်းမှု သက်သာစေတဲ့ စတီးရွိုက်အပျော့စား
လိမ်းဆေးများလည်း မိတ်တွေသိပ်ယားရင် အသုံးတည့်ပါတယ်။ သောက်ဆေး အနေနဲ့ကတော့
အန်တီဟစ်စတာမင် (Antihistamine) ဆေးတစ်မျိုးမျိုးကို အယားသက်သာအောင်
လိုအပ်ရင်မှီဝဲသင့်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာကျော်ကျော်
(အရေပြားအထူးကု)
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

