Print

“ Medical Check-up လုပ်ဖို့ မကြောက်ပါနဲ့”

  10-May-2020
Preview Image

 ရောဂါဘယကင်းကင်းနဲ့ နေ့ရက်တွေကို ပျော်ရွှင်စွာဖြတ်သန်းရမယ်ဆိုတာကို စောစောကြိုသိနိုင်တာကလည်း သုခတစ်ပါးဖြစ်ပါတယ်။ စစ်မိလို့ ရောဂါဝေဒနာကို သိခွင့်ရခဲ့ရင်လည်း ထိရောက်တဲ့ကုသမှုကို စောစောစီးစီး ခံယူဖို့ အခွင့်အရေး ပိုရပါလို့ မြန်မြန်ပျောက်ကင်းဖို့၊ လိုအပ်တဲ့ကာကွယ်မှုတွေ ပြုလုပ်ဖို့ အချိန်ပိုရပါတယ်။ ဒါကြောင့် ရောဂါတစ်ခုခု ဖြစ်မှ စစ်ဆေးတာထက် ကြိုတင်ပြီး တစ်နှစ်တစ်ခါ စစ်ဖို့ အကြံ ပြုပါရစေ။

ဘာတွေအဓိကစစ်သင့်သလဲ?

၁။ အဆုတ်ကောင်းမကောင်း စစ်ဆေးပါ(Chest X Ray)

၂။ ဝမ်းတွင်း ကလီစာများ ကောင်းမကောင်း စစ်ဆေးပါ(Ultrasound Abdomen)

၃။ အသည်းကောင်းမကောင်း စစ်ဆေးပါ။

၄။ သွေးတွင်း အဆီဓာတ် အနည်းအများစစ်ပါ။

၅။ ကျောက်ကပ် ကောင်းမကောင်း စစ်ဆေးပါ။

၆။ ဆီးချို ရှိ မရှိ စစ်ဆေးပါ။

၇။ Uric Acid ပမာဏကို စစ်ဆေးပါ။

၈။ ECG, Echocardiogram ကိုစစ်ပါ။

၉။ ဆီးစစ်ပါ (Urine RE)

၁၀။ သွေးစစ်ပါ။

Medical Check up မလုပ်ခင် ဘာတွေ လိုက်နာသင့်သလဲ

-        ည ၁၀ နာရီနောက်ပိုင်းမှစ၍ သွေးမဖောက်ခင် အချိန်အထိ ရေမှလွဲ၍ သွေးဖောက်ပြီးမှ ပြန်လည်သောက်သုံးရန်(သို့) မိမိဆရာဝန်မှ ညွှန်ကြားချက်အတိုင်း လိုက်နာရန် လိုပါသည်။

-       Ultrasound ရိုက်ရန်အတွက် မရိုက်မီ ရေအနည်းဆုံး ၂ လီတာခန့် သောက်၍ ဆီးတင်းထားရန် လိုအပ်ပါတယ်။

-       နှလုံးပြေးစက်နှင့် နှလုံးစမ်းရန်အတွက် မိမိနဲ့အဖော်တစ်ယောက်ပါဖို့ လိုအပ်ပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာဖို့ လိုပါတယ်။

-       သားအိမ်ခေါင်းကင်ဆာ စစ်ဆေးရန်အတွက် မစစ်ဆေးမီ အမျိုးသားနှင့် အတူနေခြင်း၊ အမျိုးသမီးသုံးသန့်စင်ဆေးရည်များကို ၄၈ နာရီအတွင်း အသုံးပြုထားခြင်းများ ရှောင်ရန် လိုပါတယ်။

 

Medical Check up လုပ်ရင် ဒီလိုအကျိုးကျေးဇူးတွေရပါတယ်။

-       ခန္ဓာကိုယ်အတွင်းမှာ ဖြစ်ပေါ်လာမယ့် ကျန်းမာရေး ပြဿနာတွေကို ကြိုတင်သိရှိနိုင်ပါတယ်။

-       ထိရောက်တဲ့ ကုသမှုတွေကို ကြိုတင်ရယူနိုင်ပြီး ကာကွယ်မှုတွေ ကြိုတင်ကာကွယ်နိုင်လို့ ပိုပြီး အသက်ရှည်ရှည်နေနိုင်ပါတယ်။

-       အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့ ပေါက်ရမယ်ဆိုရင် ကျန်းမာရေးအတွက် ကုန်ကျစရိတ်ပိုမိုနိုင်တာမို့ စောစောသိတော့ ရောဂါနုစဉ် ကုသခွင့်ရတာမို့ ကျန်းမာရေးအတွက် ကုန်ကျစရိတ်ပိုမိုနိုင်တာမို့ စောစောသိတော့ ရောဂါနုစဉ် ကုသခွင့်ရတာမို့ ကျန်းမာရေးဘတ်ဂျက်လျှော့နိုင်ပါတယ်။

-       နောက်ဆုံးပြောရရင် လုံးဝ ကုလို့ မရမယ့်ရောဂါရှိနေမှန်း ကြိုတင်သိခွင့်ရတဲ့အခါ သေဆုံးခြင်း အတွက် အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားနိုင်ပါတယ်။

 

ကြိုတင်ကုသခြင်းက သင့်ရဲ့အနာဂတ်ကို ပိုပြီး ကျန်းမာစွာ တည်ဆောက်လို့ ရပါတယ်။

Credit

Dr Ziwaka

အယ်ဒီတာအဖွဲ့

 

 



Related Articles


Advertisment 18