Print

အစိုးရိမ်လွန်၍ မကောင်းမြင်တတ်သောရောဂါ

  29-Apr-2020
Preview Image

လူတစ်ယောက်၏ စိတ်ထဲတွင် မနှစ်မြို့စရာ မသာယာသော အတွေးများ၊ မသာယာသော အတွေးများ၊ တစ်စုံတစ်ရာကို ထပ်ခါတလဲလဲ ပြုလုပ်ချင်နေသော အတွေးများသည် မတွေးချင်ပါလျက်နှင့်ခေါင်းထဲတွင် အပြန်ပြန်အလှန်လှန် ပေါ်လာနေခြင်းဖြစ်သည်။


ရောဂါ ဆိုးရွားပုံကို မူတည်၍ ရောဂါ အဆင့် () မျိူးမှာ
- လုပ်ငန်းဆောင်တာ အနည်းငယ် ထိခိုက်ခြင်း - တစ်နေ့လျှင် တစ်နာရီအောက် ရောဂါ ခံစားနေရခြင်း
- အသင့်အတင့် ထိခိုက်ခြင်း - ၁ နာရီမှ ၃ နာရီ အထိ အတွေးများ ပေါ်နေခြင်း
- ဆိုးရွားစွာ ထိခိုက်ခြင်း - ၃ နာရီ ထက်ပို၍ ခံစားနေရခြင်း တို့ဖြစ်သည်။


လက္ခဏာများ
၁။ စိတ်စွဲခြင်း - မနှစ်မြို့စရာ အတွေးများ ထပ်ခါတလဲလဲ ဝင်လာခြင်း
၂။ စိုးရိမ်မှုများခြင်း
၃။ အပြုအမူတစ်ခုကို ထပ်ခါ ထပ်ခါ ပြုလုပ်နေခြင်း
၄။ စိတ်ထဲတွင် ပေါ်လာသော အတွေးကို ပြုလုပ်လိုက်၍ စိတ်သက်သာသွားသော်လည်း မကြာခင် ထိုအတွေးပြန်ပေါ်လာခြင်း တို ့ဖြစ်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ
- မျိုးရိုးဗီဇ
- ဦးနှောက်၏ သွေးစီးဆင်းမှု၊ အလုပ်လုပ်ပုံတို့ သာမန်လူနှင့် ခြားနားခြင်း
- Serotonin
- ဘဝတွင် စိတ်ထိခိုက်စရာ အခြေအနေ တစ်ခုခုနှင့်ကြုံခဲ့ရခြင်း
- ဖြတ်သန်းခဲ့ရသော ဘဝပုံစံ တို ့ကြောင့်ဖြစ်နိုင်သည်။


နောက်ဆက်တွဲ ပြဿနာများ
- အလုပ်မသွားနိုင်ခြင်း၊ ကျောင်းမတက်နိုင်ခြင်း၊ အိမ်ထောင်ရေး အဆင်မပြေခြင်း၊ စိတ်ပူပန်မှုများလာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အစားအသောက်ပျက်လာခြင်း၊ သေကြောင်းကြံစည်ခြင်း၊ မကြာခဏ လက်ဆေးခြင်းကြောင့် အရေပြားရောင်ရမ်းလာခြင်း တို

့ဖြစ်စေနိုင်သည်။

အစိုးရိမ်လွန်၍ မကောင်းမြင်တတ်သော ရောဂါ ဖြစ်နေလျှင် ရှက်နေစရာမလိုပဲ ဆရာဝန်ထံသို့ သွားရောက်ပြသသင့်သည်။ ထိုရောဂါမျိုးသည် သေချာဆေးကုသမှု မခံယူပါက ပိုဆိုးလာနိုင်သည့်အတွက် လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်၍ ဆေးကုသမှုခံယူသင့်သည်။

ဆရာဝန်က သင်၏ ရောဂါလက္ခဏာ မည်မျှဆိုးမဆိုးကို ကျန်းမာရေး အခြေအနေ၊ နေ့စဉ်လုုပ်ငန်းဆောင်တာများအကြောင်း မေးမြန်းပါလိမ့်မည်။ မေးမြန်းသမျှကို ပွင့်ပွင့်လင်းလင်း ရိုးသားစွာဖြင့် အမှန်ကန်ဆုံးတိကျစွာ ပြန်ဖြေရန်လိုအပ်သည်။


ကုသခြင်း
၁။ Cognitive behavioural therapy (CBT) – Exposure and response prevention (ERP) ကြောက်နေသော အရာများကို လက်တွေ ့ရင်ဆိုင်ရန်နှင့် ထိုအတွေးများသည် တကယ်ဖြစ်နေသည်မဟုတ်ပဲ စိတ်ထဲက ထင်နေသည်သာ ဖြစ်ကြောင်းကို
ပြောပြ၍ ဆွေးနွေးခြင်း

၂။ Medication - ဦးနှောက်အတွင်း ဓာတုပစ္စည်းများကို ပြောင်းလဲစေ၍ ရောဂါလက္ခဏာများကို ထိန်းချုပ်ခြင်း
အကယ်၍ နေ့စဉ်လူနေမှုဘဝတွင် သိသာစွာ ထိခိုက်နေပါက CBT နှင့် ERT အပြင် Selective serotonin reuptake inhibitors (SSRI) ဟုခေါ်သော ဆေးပေးရန် လိုအပ်သည်။ ဆိုးရွားစွာ ထိခိုက်နေလျှင်မူ ထိုကုသနည်းများ အပြင် စိတ်ကျန်းမာရေးဆေးရုံသို့ လွှဲပြောင်းပေးရမည်။

ကလေးများ ထိုရောဂါခံစားရပါက ကျွမ်းကျင်မှုရှိသော ဆရာဝန်ထံသို့ လွှဲပြောင်းပေးသင့်သည်။ သိသာမြင်သာသော ထိရောက်မှုရှိစေရန် လအတော်ကြာ ကုသမှုခံယူရန် လိုအပ်သည်။

SSRI ၏ ဘေးထွက်ဆိုးကျိုးများအနေဖြင့် ခေါင်းကိုက်ခြင်း၊ တုန်ယင်ခြင်းနှင့် နေထိုင်မကောင်းဖြစ်ခြင်းတို ့ ခံစားရနိုင်သည်။ သို့သော် ရက်သတ္တပတ် အနည်းငယ်ကြာပါက ပြန်ပျောက်ကင်းနိုင်သည်။ SSRI သည် နှလုံးကိုလည်း ထိခိုက်နိုင်သည့်အတွက် ECG ရိုုက်ကြည့်ရန် လိုအပ်ပါသည်။

အစိုးရိမ်လွန်၍ မကောင်းမြင်တတ်သော ရောဂါကို ကာကွယ်ရန် နည်းလမ်းမရှိသော်လည်း ရောဂါကို စောစောသိ၍ စောစီးစွာ ကုသမှှုခံယူပါက ရောဂါဆိုးရွားမှုကို လျော့ကျစေနိုင်သည်။

PTA
Ref: NHS Choices, UK



 



Related Articles


Advertisment 18