Print

ကလေးတစ်ယောက်ရဲ့ အရပ်အမောင်းကြီးထွားပုံ

  02-May-2020
Preview Image

အစာအဟာရနှင့် ဟော်မုန်းတွေက ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုအတွက် လိုအပ်ဆုံး အရာတွေပါ။ မျိုးရိုး၊ ဗီဇ၊ လူမျိုး၊ ကျား၊ မတူညီမှုတွေကလည်း လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ အရပ်အမောင်း ကွာဟချက်ကို ဖြစ်စေပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ နာတာရှည်ရောဂါရှိတဲ့ (ဥပမာ-နှလုံးရောဂါ၊ တီဘီရောဂါ၊ သန်ကောင် တုတ်ကောင်ရှိတဲ့) ကလေးတစ်ယောက်ဟာ ပုံမှန်နှုန်းအတိုင်း ကြီးထွားသန်မာလာဖို့ အခက်အခဲရှိပါတယ်။

မိသားစုအတွင်း ပြဿနာရှိတဲ့ ကလေးငယ်တစ်ယောက် ဒါမှမဟုတ် မိဘအချင်းချင်း မပြေလည်တဲ့ ကလေးငယ်တစ်ယောက်ဟာ သာမန်ကလေးငယ် တစ်ယောက်လို မကြီးထွား၊ မဖွံ့ဖြိုးနိုင်ပါဘူး။ စိုးရိမ်စိတ်၊ ကြောင့်ကြစိတ်၊ ဖေးမမှုမခံရခြင်း၊ နွေးထွေးမှုမရှိခြင်း၊ အားပေးထောက်ပံ့မှု ကင်းမဲ့ခြင်း၊ ပြုစုယုယမှု မခံရခြင်း၊ လုံခြုံမှုကို မခံစားရခြင်း အစရှိတာတွေက ကလေးငယ်တစ်ယောက်ရဲ့ ဖွံ့ဖြိုးကြီးထွားမှုဖြစ်စဉ်အတွက် အဟန့်အတားဖြစ်စေပါတယ်။

Credit : 
ဒေါက်တာငြိမ်းချမ်းအောင်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18