Print

မိဘများ၏ ချုပ်ချယ်မှု

  11-Apr-2020
Preview Image

ကလေးငယ်များအား ညှိယူလွဲမှုဖြစ်စေသည့် အကြောင်းတစ်ရပ်မှာ မိဘများ၏ ချုပ်ချယ်မှုဖြစ်သည်။ ကလေးငယ်များအား စည်းကမ်းကလနားနှင့် ကြမ်းကြမ်းတမ်းတမ်း ချုပ်ချယ်ကွပ်ကဲထားမှ လူတော်လူကောင်းများ ဖြစ်လာမည်ဟု ယုံကြည်နေသူ မိဘအချို့ရှိနေသည်။ ဤယုံကြည်ချက်သည် မမှန်ကန်သည့်အပြင် ကလေးငယ်တို့တွင် ပုန်ကန်လိုသော စိတ်ထားဖြစ်ပေါ်လာနိုင်စေသည်။ မိဘတို့အား မုန်းတီးသော စိတ်ထားများလည်း ဖြစ်ပေါ်စေနိုင်သည်။

အချို့အိမ်များတွင် စည်းကမ်း (သို့) မူအား လိုက်နာခြင်း၊ အထက်လူတစ်ဦး တစ်ယောက်အား လိုက်နာရိုသေခြင်းကို အဓိကထား၍ ဆုံးမတတ်သည်။ ဖခင်ဖြစ်သူအား မော့မကြည့်ရဲအောင် ကြောက်ရသော ကလေးများ၊ ဖခင်ကဟဲ့ဟု အော်လိုက်လျှင် မလှုပ်ရဲအောင် ကြောက်တတ်သော ကလေးများအကြောင်း ကြားဖူးကြပါမည်။ ကလေးအပြုအမူ မှားသည်မှန်သည်က အရေးမကြီး၊ လူကြီးအား ကြောက်ရွံ့နေမှုသည်သာ အရေးကြီးနေပုံရပါသည်။ ထိုကဲ့သို့ မိဘ၏ လွှမ်းမိုးမှုသည် လွဲမှားသောလွှမ်းမိုးမှုသာ ဖြစ်ပေသည်။

ဤကဲ့သို့ တင်းကျပ်သော ချုပ်ချယ်မှု၊ ပြင်းထန်သော လွှမ်းမိုးမှုများကြောင့် ကလေးငယ်၏ အတ္တဖွံ့ဖြိုးမှုကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်သည်။ ကလေးငယ်တွင် နိမ့်ကျသောစိတ်၊ မလုံခြုံသောစိတ်နှင့် အပြစ်စွဲစိတ်များ ဖြစ်ပေါ်လာစေနိုင်သည်။

Credit : 
ခင်မောင်သန်း (စိတ်ပညာ)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18