Print

မိသားစုအတွင်းမှာ အသည်းရောင် “စီ” ရောဂါပိုး ရှိသူတစ်ဦး တွေ့နေပါက ဘယ်လို...

  08-Mar-2020
Preview Image

အသည်းရောင်စီရောဂါပိုးဟာ တစ်ဦးနဲ့တစ်ဦး ကူးစက်နိုင်ပေမယ့်ဘီရောဂါ ပိုးလောက် ကူးစက်မှုမမြန်ပါဘူး။ သို့သော်လည်းဘီရောဂါပိုးက ကာကွယ်ဆေးရှိတယ်။ ကာကွယ်ဆေးထိုးထားနိုင်တယ်။ မဖြစ်အောင် ကာကွယ်နိုင်တယ်။

စီရောဂါပိုးဟာ ကာကွယ်ဆေးမပေါ်သေးဘူး။ မကာကွယ်နိုင်သေးဘူး။ သို့အတွက် ပိုပြီး သတိထားသင့်ပါတယ်။စီရောဂါပိုးဟာ လူတစ်ဦးနဲ့တစ်ဦး ပုံမှန်ဆက်ဆံနေထိုင်ရုံဖြင့် မကူးစက်နိုင်ပါဘူး။ ပွေ့ဖက် နမ်းရှုပ်ရုံမျှလည်း မကူးစက်နိုင်ပါဘူး။

ထမင်းတစ်ဝိုင်းတည်း အတူစားရုံဖြင့်လည်း မကူးစက်နိုင်ပါဘူး။ အိမ်ထောင်ဖက် တစ်ဦးသာရှိသူ (monogamy) တွေမှာလည်း ကူးစက်မှုနည်းပါတယ်။ ရောဂါပိုးရှိသူတွေရဲ့ သွေးနဲ့ မထိမိ၊ မကိုင်မိ၊ မသွင်းမိသမျှ ကူးစက်နိုင်ခြေ အလွန်နည်းတဲ့အတွက် အလွန်တစ်ရာ အကြောက်လွန်နေဖို့ မလိုပါဘူး။

ရောဂါပိုးရှိနေသူကို ကြဉ်ထားဖို့၊ ပယ်ထားဖို့လည်း မလိုပါဘူး။ မဆက်ဆံဘဲ ခွဲခြားထားဖို့လည်း မသင့်ပါဘူး။ ကိုယ့်ရဲ့ မိသားစုအတွင်း အိမ်တွင်းမှာ ပုံမှန်ဆက်ဆံ နေထိုင်သွားသင့်ပါတယ်။

Credit : ပါမောက္ခ ဒေါက်တာဝင်းနိုင်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18