Print

ဆီးချိုရောဂါသမားများတွင် မှန်မှန်ကန်ကန် စားတတ်ကြစေရန်

  20-Feb-2020
Preview Image

ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်များအနေဖြင့် အစာအာဟာရကို မှန်မှန်ကန်ကန် စားသုံးမှသာလျှင် သွေးချိုဓာတ်လွန်ကဲမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။ အကြောက်လွန်ကဲ၍ အစားအသောက် ရှောင်လွန်းလျှင်ဖြစ်စေ၊ ဆီးချိုသွေးချိုရောဂါနှင့် ၎င်း၏
နောက်ဆက်တွဲ ရောဂါများကို မသိ၍ဖြစ်စေ၊ မကြောက်၍ဖြစ်စေ၊ အစားအသောက်ကို မရှောင်ဘဲ၊ စားသုံးလွန်းလျှင်ဖြစ်စေ၊ သွေးချိုထိန်းသိမ်း ကုသမှုကောင်းမွန်နိုင်မည် မဟုတ်ဘဲ၊ ဆိုးကျိုးရလဒ်များသာ ဖြစ်ပေါ်လာနိုင်ကြောင်း သတိမူသင့်ပါသည်။

စားသုံးနိုင်သည့် အစာအာဟာရများကို ရဲတင်းစွာစားသုံးနိုင်သကဲ့သို့ မသင့်တော်သော အစာအာဟာရများကိုလည်း လုံးဝမစားသုံးကြရန် အထူးပင် လိုအပ်လှပါသည်။ မစားသုံးသင့်သည်များ စားသုံးပါက သွေးတွင်းသကြားဓာတ်များ လွန်ကဲများပြားနေမည် ဖြစ်သကဲ့သို့၊ စားနိုင်သည်ဆိုသော အစာများကို အလုံအလောက် မစားသုံးနိုင်လျှင်လည်း၊ သွေးတွင်းအချိုဓာတ်များ ကျဆင်းလွန်းကာ သတိမေ့မြောခြင်းမှ အသက်အန္တရာယ်ဆုံးရှုံးသည်အထိ ဖြစ်လာနိုင်ပါသည်။ သို့ပါ၍ စားသုံးရန် မသင့်လျော်သော အစာများကိုရော၊ စားသုံးနိုင်သော အစာများကိုပါ သိရှိထားဖို့ အထူးလိုအပ်ပါသည်။

Credit : ပါမောက္ခဦးတင့်ဆွေလတ်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18