ဖရဲသီးက အဝလွန်သူများကို Heart Attack ဖြစ်နိုင်ခြေများကို လျှော့ချနိုင်
18-Feb-2020
ဖရဲသီးက အဝလွန်သူတွေကို သွေးတိုးရောဂါ လျှော့ချစေနိုင်ပြီး
နှလုံးတိုက်ချုက်ခံနိုင်ခြေကိုလည်း လျှော့နည်းနိုင်တယ်လို့ သုတေသီတွေက
ဖော်ထုတ်လိုက်ပါတယ်။ ဖရဲသီးက အဝလွန်သူတွေရဲ့ သွေးဖိအားကို အေးတဲ့ရာသီဥတုမှာတောင်
သိသိသာသာ လျှော့ကျနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ လူအများစုဟာ
အေးလွန်းတဲ့ ရာသီမှာ နှလုံးတိုက်ခိုက်ခံရတာကြောင့် သေဆုံးတတ်ကြပါတယ်။
အေးတဲ့ရာသီမှာ ခန္ဓာကိုယ်က ပူနွေးအောင် ပြုလုပ်နေရတာကြောင့် သွေးဖိအားတွေ
မြင့်တက်လာပါတယ်။ သွေးဖိအားမြင့်တက်တာကြောင့် နှလုံးက ပိုမိုအလုပ်လုပ်ရကာ
နှလုံးတိုက်ခိုက်ခံရတာနဲ့ လေဖြတ်နိုင်ခြေ မြင့်မားလာပါတယ်။ လေ့လာမှုမှာ ပါဝင်သူတွေကို
ဖရဲသီးကျွေးပြီး နောက်ပိုင်းမှာ နှလုံးနဲ့ နှလုံးသွေးကြောမပေါ်မှ ဖိအားတွေ သိသိသာသာ
ကျဆင်းသွားတယ်လို့ သိရပါတယ်။
Credit : Arogyam magazine
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

