Print

မိခင်တို့၏ ရင်သားပြဿနာများ

  15-Jan-2020
Preview Image

နို့သီးခေါင်းမှာ သွေးပါသောအရည်ထွက်ခြင်း

ကိုယ်ဝန်ဆောင်တချို့တွင် နို့သီးခေါင်းမှ သွေးပါသော အရည်များထွက်တတ်ပါသည်။ တစ်သျှူးများ ပွားများဖွံ့ဖြိုးလာသောကြောင့် ဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်မှုမှာ ရင်သားနှစ်ဖက်စလုံးတွင် တွေ့ရနိုင်သည်။ ကိုယ်ဝန်၏ ဒုတိယနှင့် တတိယသုံးလပတ်များတွင် အဖြစ်များသည်။ အလိုအလျောက် ပြန်လည်ပျောက်ကင်း သွားလေ့ရှိသည်။ စစ်ဆေးရန် မလိုသကဲ့သို့ ကုသမှုခံယူရန်လည်း မလိုအပ်ပါ။ လူနာအား နားလည်အောင် ရှင်းပြ၍ နှစ်သိမ့်မှုပေးရန်သာဖြစ်သည်။

နို့သီးခေါင်းများနာကျင်ခြင်း

နို့သီးခေါင်းများ၏ အပေါ်ယံတစ်သျှူး ကွာကျလာသောအခါ အကွဲအအက်များ ဖြစ်ပေါ်ကာ နာကျင်မှုဝေဒနာ ခံစားရတတ်သည်။ နို့တိုက်ကျွေးမွေးရာတွင် အနေအထားမမှန် ဖြစ်တတ်သည်။ ထို့အပြင် မှက်ခရုမှိုစွဲကပ်မှုကြောင့် ရောင်ရမ်းသဖြင့် နာကျင်မှုခံစားရတတ်သည်။ နို့သီးခေါင်းကွဲအက်ခြင်းမှ တစ်ဆင့် နို့ပြည်တည်နာဖြစ်တတ်သည်။ နာသည့် နို့သီးခေါင်းဘက်ကို နို့မတိုက်ဘဲ အနားပေးထားသင့်သည်။ နို့ရည်များကို ညှစ်ထုတ်ပစ်ရမည်။ သက်သာလာလျှင် နို့ပြန်တိုက်ပေးရမည် ဖြစ်ပါသည်။

နို့ရည်အိတ်တည်ခြင်း

နို့ရည်ပြွန်တွင် နို့ရည်များစု၍ အရည်အိတ်သဖွယ်ဖြစ်ပေးခြင်းဖြစ်သည်။ နို့ထွက်လမ်းကြောင်းပိတ်၍ ဖြစ်သည်။ နို့၌ အကျိတ်ပေါ်လာပြီး နာကျင်မှုနှင့် ရောင်ရမ်းမှု အနည်းငယ်သာတွေ့ရသည်။ အလိုအလျောက် ပြန်လည်ပျောက်ကွယ်သွားနိုင်သည်။ ထိုသို့ မဟုတ်ပါက အရည်များစုပ်ထုတ်ပစ်ခြင်း၊ သို့မဟုတ် ခွဲစိတ်ခြင်း ပြုလုပ်ရန်လိုအပ်ပါသည်။

Credit : ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18