Print

Stress တွေ လျော့စေဖို့

  11-Jan-2020
Preview Image

၁။ တစ်ယောက်တည်းနေချိန်ထားရှိပါ။

စိတ်ကိုငြိမ်းချမ်းစေဖို့အတွက် ၁ နေ့ကို မိနစ်အနည်းငယ် (၂၀ မိနစ်ခန့်) တရားထိုင်တာပဲဖြစ်ဖြစ် တစ်ယောက်တည်းငြိမ်ငြိမ်လေး ထိုင်နေတာပဲဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဟာ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပြီး စိတ်ကိုကြည်လင်စေပါတယ်။
 
၂။ လေ့ကျင့်ခန်းလုပ်ပါ

လေကျင့်ခန်းလုပ်ပေးခြင်းဟာ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုသာမက သင့်ရဲ့စိတ်ကိုလန်းဆန်းစေပြီး Stress တွေကို လျော့ကျစေမှာပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းဆိုတာကလည်း တစ်နေ့ကို မိနစ် (၃၀) ခန့် ပုံမှန်လေးလမ်းလျှောက်တာတို့၊ စက်ဘီးစီးတာတို့ လုပ်ရင်တောင်ရပါပြီ။

၃။ အခန်းချည်းပဲ မအောင်းပါနှင့်

သဘာဝအလင်းရောင်ဟာ စိတ်ခွန်အားကိုပေးတဲ့အပြင် ရောဂါပိုးမွှားတွေကို ပါသေစေပါတယ်။ ဒါကြောင့် အမြဲတမ်း အခန်းချည်းမအောင်းဘဲ အပြင်ဘက်ကိုလည်း မကြာခဏ ထွက်ပေးသင့်ပါတယ်။

၄။ အလုပ်ခွင်ကနေ အပြင်ကိုထွက်ပါ

အလုပ်ချည်းပဲ လုပ်နေခြင်းဟာ Stress တွေကို များစေပါတယ်။ ဒါကြောင့်နေလည်စာစားချိန်မျိုးမှာ အပြင်ဘက်ကို ခဏထွက်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ရုံးကိုပတ်ပြီး ခဏလောက်စိတ်ပြေလက်ပျောက် စကားပြောတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။

၅။ ပိတ်ရက်ရှည်တွေမှာ ခရီးသွားပါ

အားလပ်ရက်မှာ ခရီးသွားခြင်းဟာ စိတ်ကိုအပန်းပြေစေတဲ့အပြင် Stress တွေကိုလည်း လျော့ချပေးနိုင်တာကြောင့် ပိတ်ရက်ရှည်တွေမှာဖြစ်နိုင်ရင် သင်သွားချင်တဲ့နေရာ တစ်ခုခုကို ခရီးသွားပေးသင့်ပါတယ်။

၆။ စာဖတ်ပါ

Sussex University ရဲ့ သုတေသနပြုမှု့တွေအရ ၆ မိနစ်စာဖတ်ခြင်းဟာ Stress ၆၈% ကိုလျှော့ချပေးပါသတဲ့။ စာဖတ်ခြင်းဟာ ဗဟုသုတကိုတိုးစေတဲ့အပြင်၊ စိတ်ကိုပါ တက်ကြွစေနိုင်တာကြောင့် တစ်နေ့ကို အချိန်အနည်းငယ်ပေးပြီး စာဖတ်တဲ့အကျင့်ကိုလည်း ထားသင့်ပါတယ်။

၇။ အိပ်ရေးဝဝအိပ်ပါ

ဒါဟာ အရေးကြီးဆုံးအချက်ပါ။ သင်အိပ်ရေးမဝလို့ကတော့ ဘယ် အလုပ်ကိုမှစိတ်ပါ လက်ပါလုပ်နိုင်မှာ မဟုတ်လို့ပါပဲ။ အိပ်ရေးမဝခြင်းဟာ ကျန်းမာရေးကိုထိခိုက်စေတဲ့အပြင် ဒေါသထွက်လွယ်၊ သတိမေ့လွယ်တာကြောင့် အမှားတွေကို ပိုမိုဖြစ်စေနိုင်ပြီး Stress တွေကို တိုးစေပါတယ်။ ဒါကြောင့်တစ်နေ့ကို ၇ နာရီခန့် အနည်းဆုံးထားပြီး အိပ်ဖြစ်အောင် အိပ်သင့်ပါတယ်။


Credit : Skk


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။




Related Articles


Advertisment 18