Print

တစ်နှစ်အောက်ကလေးများနှင့် သွေးကင်ဆာ

  16-Dec-2019
Preview Image

ကလေးအားလုံးရဲ့ သွေးကင်ဆာစုစုပေါင်းမှာ ၂ ရာခိုင်နှုန်းလောက်ဟာ အသက်တစ်နှစ်အောက် ဖြစ်ပွားတတ်ပြီး အဖြစ်များတဲ့ အမျိုးအစားကတော့ ALL က AML ထက် ၂ ဆပိုဖြစ်ပွားစေပါတယ်။ ဒါကြောင့် ကလေးပေါက်စနမှာလည်း သွေးကင်ဆာ ဖြစ်နိုင်တာမို့ ထူးခြားတဲ့လက္ခဏာ ပေါ်တာနဲ့ ချက်ချင်းပြသ ကုသကြဖို့ လိုပါတယ်။ မိခင်ဗိုက်ထဲကတည်းက သွေးကင်ဆာဖြစ်စေတဲ့ မျိုးရိုးဗီဇတွေ ပါလာတာကို ကလေးရဲ့ ချက်ကြိုးထဲမှာတောင် စမ်းသပ်တွေ့ရှိရတာ စာတမ်းတွေရှိပါတယ်။ မိခင်မှာလည်း ကင်ဆာဖြစ်စေတဲ့ ကလုန်း (Clone) ကို တွေ့ရတဲ့အတွက် မိခင်ဆီမှ ကလေးဆီသို့ သယ်ဆောင်ပေးပို့တာ (Transmit) ထင်ရှားတယ်။

သွေးကင်ဆာရဲ့ သဘာဝက အသက်ငယ်လေရောဂါ ပိုဆိုးလေဖြစ်လို့ အသေအပျောက် များစေတယ်။ သွေးကင်ဆာရဲ့ အထက်ဖော်ပြပြီး လက္ခဏာတွေအပြင် တစ်သျှူးတွေထဲနှင့် အဆုတ်ထဲ ထိုးဖောက်ဝင် ရောက်လွယ်တဲ့အတွက် ကလေးမှာ အသက်ရှူကျပ်ရတာ တွေ့နေရတယ်။ ဦးနှောက်ထဲထိ ကင်ဆာဆဲလ်တွေ ပျံ့လွယ်သလို အရေပြားအောက်မှာ Leukemia cutis လို့ခေါ်တဲ့ အလုံးလေးတွေ ဖြစ်ပေါ်လာတယ်။ သွေးအားနည်းလက္ခဏာတွေ၊ ရောဂါပိုးဝင်လွယ်တာတွေကလည်း ပြင်းထန်လှတယ်။ ဓာတုကုထုံး ပြီးအောင်ပေးအပြီး စတမ်းဆဲလ် အစားထိုးကုသမှုပေးရင် တောင်မှ ရလာဒ်က မကောင်းလှပါဘူး။ ခရိုမိုဇုန်းချို့ယွင်းချက်မပါခဲ့တဲ့ အမျိုးအစားဆိုရင်တော့ အလားအလာ (outcome) က ကလေးကြီးတွေနဲ့ တူညီဖို့ မျှော်လင့်နိုင်ပါတယ်။ ကလေးတွေမှာ သွေးကင်ဆာဖြစ်တယ် ဆိုတိုင်း အရမ်းကြီး ကြောက်လန့်မနေဘဲ သူ့အမျိုးအစားအလိုက် ကုထုံးအမျိုးမျိုးနှင့် ထိရောက်စွာ ကုသမှုခံယူရင် ထိုက်သင့်သလို အကျိုးရှိနိုင်ပါကြောင်း တင်ပြလိုက်ပါတယ်။

Credit : ဒေါက်တာမြမြချယ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18