Print

အယ်လ်နီညိုနှင့် ပြဿနာများ

  18-Nov-2019
Preview Image


ယခုတစ်လော ရာသီဥတုပြောင်းလဲမှုက မြန်ဆန်လှသည်။ ချမ်းအေးရာမှာ တစ်ဖက်သက်ချည်း ပူလာသည်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စပြီး အပူချိန် မြင့်မားလာမည်။ ဒါတွေက အယ်လ်နီညို (Elnino) အကျိုးသက်ရောက်မှု တို့ကြောင့်ဟုဆိုသည်။ အဓိက အကြောင်းအနေနဲ့ကတော့ Climate Change လို့ခေါ်တဲ့ ရာသီဥတု ပြောင်းလဲပြင်းထန်မှုကို မလွဲမသွေ ကြုံတွေ့ရတော့မယ် ဖြစ်ပါတယ်။ ဆိုးရွားပြင်းထန်သော ရာသီရာဥတု ပြောင်းလဲမှုများကြောင့် လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ မုန်တိုင်းများ၊ ဟာရီကိန်းနှင့် ရေကြီး ရေလျှံခြင်းတို့ကြောင့် နှစ်စဉ်နှစ်တိုင်း လူနှင့်တိရိစ္ဆာန်များ သေကြေပျက်စီးကြရသည်။

တစ်ခြားသော ကျန်းမာရေး ပြဿဿ နာများလည်း ရှိပါသေးသည်။ မိုးကျသည်နှင့် ခြင်ပေါက်ပွားမှုနှုန်း မြင့်မားလာကာ ခြင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများ၊ ငှက်ဖျားတို့သည်လည်း ဖြစ်ပွားမှု များလာသည်။ ခြင်မှတစ်ဆင့် ကူးစက်ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေး၊ ချိကန်ဂန်နီးယား၊ ဂျပန် ဦးနှောက်မြှေးရောင်၊ အဝါရောင် အဖျားရောဂါသည်သာမက ယခုတလော ရေပန်းစားနေသည့် ဇီကာဗိုင်းရပ်စ် ရောဂါတို့ကိုလည်း သတိပြုရပါမည်။ ရာသီဥတု အပူချိန်ပြောင်းလဲသည်နှင့် ခြင်ပေါက်ဖွားမှု ရောဂါဖြစ်ပွားမှု တို့သည်လည်း များလာသည်။

မိုးရွာပြီး သောက်သုံးရေ ညစ်ညမ်းမှုတို့ကြောင့်လည်း အစာနှင့်ရေညစ်ညမ်းမှုကြောင့် ဖြစ်ပွားသော ရောဂါများသည်လည်း ဖြစ်ပွားနှုန်းမြင့်လာနိုင်သည်။ အထူးသဖြင့် ကာလဝမ်းရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ အစာအဆိပ်သင့်ခြင်းများ ဖြစ်လာနိုင်သည်။ ရေကြီးရေလျှံ ရေလွမ်းမိုးခြင်းတို့ကြောင့်လည်း ကူးစက်ပြန့်ပွားမှုများစွာ (out breaks) ဖြစ်ပေါ်လာသည်။ ပူပြင်းခြောက်သွေ့ ရေရှားပါးခြင်းတို့ကြောင့်လည်း တစ်ကိုယ်ရေ သန့်ရှင်းရေးများ ထိခိုက်ပြီးကျန်းမာရေး ပြဿနာများ ဖြစ်နိုင်သည်။ ရောဂါကူးစက်ပြန့်ပွားခြင်း (outbreak of infection) တို့သည်လည်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် သာမက လူဦးရေထူထပ်ခြင်းနှင့် ရွှေ့ပြောင်းသွား လာနေထိုင်ခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။

Ref:
ဒေါက်တာမီမီကို
Health Updates Journal

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18