Print

လက်သည်းနဲ့ ဗီတာမင်

  12-Nov-2019
Preview Image

လက်သည်းမှာ အနီစက်၊ အညိုစက်တွေဖြစ်တာ၊ လက်သည်းခွံ ပွယောင်းတာမျိုးတွေဟာ ခန္ဓာကိုယ်တွင်းမှာ ဗီတာမင်စီနဲ့ ဖောလစ်အက်ဆစ်ချို့တဲ့နေတဲ့ အခါမျိုးတွေမှာ ဖြစ်လာတတ်ပါတယ်။ အချဉ်ဓာတ်ပါဝင်တဲ့အသီးတွေ၊ ဂေါ်ဖီထုပ်နဲ့ အစိမ်းရောင်ရှိတဲ့ အရွက်တွေ၊ ငရုတ်သီးစတာတွေမှာ ဗီတာမင်စီနဲ့ ဖောလစ်အက်ဆစ်ဓာတ် ပါဝင်တဲ့အတွက် ဂရုစိုက်ပြီး စားသုံးပေးဖို့ လိုအပ်ပါတယ်။ အကျက်လွန်တာ၊ လှီးစိပ်ပြီးမှ
ရေနဲ့ဆေးကြောတာမျိုးတွေက အဲဒီဓာတ်တွေကို လျော့နည်းစေတဲ့အတွက် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

သံဓာတ်

သံဓာတ်ချို့တဲ့ရင်လည်း လက်သည်းခွံချိုင့် (ခွက်) တာ၊ လက်သည်းဖြူရော်ရော်ဖြစ်တာ၊ မာကြွပ်တာ၊ လက်စွယ်ငုတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါဟာ သွေးအားနည်းတာရဲ့ လက္ခဏာရပ်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကညွတ်၊ ပဲပင်ပေါက်၊ ပဲပိစပ်၊ ပန်းဂေါ်ဖီ၊ ဒန့်ဒလွန်သီး၊ ဖရဲသီး၊ ဆီးသီးခြောက်၊ စွန်ပလွံသီးစတာတွေကို စားသုံးပေးရပါမယ်။ အဲဒီအစာတွေကို ဗိုက်တာမင်စီနဲ့ တွဲဖက်စားသုံးရင် အာနိသင် ထက်မြက်နိုင်ပါလိမ့်မယ်။

Credit: ဦးခိုင်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18