Print

မိတ္တူကူးသူများ

  11-Nov-2019
Preview Image

အဖေ အမေ ဆေးလိပ်သောက်တဲ့အခါ ရောဂါကနောက်မှ လာတာထား။ သားသမီးတွေကူးယူတာက အရင်ပါ။

အဖေ အမေတွေ ဆေးမင်ထိုးတဲ့အခါ နောင်တရတာ မရတာထား။ သားသမီးတွေကူးယူတာက အရင်ပါ။

အဖေ အမေတွေ ဒေါသတကြီး အော်ဟစ်တဲ့အခါ ပြီးရင် စိတ်ပြန်ပြေတယ်ထား။ သားသမီးတွေကူးယူတာက အရင်ပါ။

အဖေ အမေတွေက တစ်ပါးသူကို လှောင်တာ ရိုးရိုးစတယ်ပဲထား။ သားသမီးတွေ ကူးယူတာက အရင်ပါ။

အဖေ အမေတွေ အခိုက်မသင့်လို့ ရန်ဖြစ်ပြီးရင် နောက်ပြန်ချစ်တာထား။ သားသမီးတွေကူးယူတာက အရင်ပါ။

အဖေ အမေ တွေ အရာရာကို တစ်ဖက်ပိတ် ဆုံးဖြတ်တာမှန်တယ်ထား။ သားသမီးတွေကူးယူတာက အရင်ပါ။

ဒီလိုကျွန်တော်တို့ အဖေအမေ ဆီကနေ ပတ်ဝန်းကျင်ကနေ ဘယ်လောက်တောင် ဘာတွေများ ငယ်စဉ်က ကူးယူခဲ့ပြီးပြီလဲ။

မှားမှန်း မှန်မှန်း မသိပေမယ့် အဖေအမေ အပြောအဆိုကို လိုက်လံအတုခိုး နေထိုင်တတ်ခြင်းဟာ ကလေးတို့ရဲ့ သဘာဝပါ။

ဒါကို ကျွန်တော်တို့ အမှန်မြင်လို့ပြင်သင့်တယ် မထင်ဘူးလား။

မိဘဆိုတာ သားသမီးရဲ့စံပြ အားကျရသူ တစ်ယောက်ပါ။ အဖေကို သားတွေက တစိမ့်စိမ့် လိုက်ကြည့်နေတတ်သလို အမေလုပ်တတ်တဲ့ အပြုအမူလေးတွေကိုလဲ အတုခိုးလို့ ပြုမူတတ်တာ ဖြူစင်တဲ့ ကလေးငယ်တွေပါ။

တကယ်လို့ ကလေးတစ်ယောက်က မလုပ်ချင်ဘူးဆိုရင် မိဘတွေက အတင်းဇွတ်ခိုင်းလေ့ရှိတယ်။ ကလေးတစ်ယောက်မလုပ်ချင်တဲ့ အလုပ်ဆိုတာ တကယ်တော့ မိဘ မလုပ်တဲ့အလုပ် ဖြစ်လေ့ရှိပါတယ်။ ဒါ့ကြောင့် သူတို့ လုပ်စေချင်ရင် ကိုယ်ပါ ပြင်ကြည့်ပါ။ လိုက်လုပ် ပါလိမ့်မယ်။

သူတို့ လုပ်လာတဲ့အခါ... သူတို့ အသိုင်းအဝိုင်းပါ အံ့သြလောက်aအာင် စိုပြေလာတာကို သင် မိဘတစ်ယောက်အနေနဲ့ တွေ့ရမှာပါ။

ဘာလို့လဲဆိုတော့ သူတို့လိုပဲ ကူးတတ်သူတွေနဲ့ အကျင့်လေးတွေ ဖလှယ်လေ့ရှိတယ်။

အကျင့်ကောင်း အလုပ်ကောင်းလေးတွေ အတုခိုးလေ့ရှိပါတယ်။

ဒီတော့ သင့်ကလေးအနာဂတ်အတွက် သင်ဟာ ရှေ့ဆောင်ကောင်းဖြစ်ပါစေ။

Credit : မှတ်စုကြမ်း (kyawnge)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18