Print

အမျိုးသမီးများ ဘာကြောင့်ရာသီမမှန်ရတာလဲ

  09-Nov-2019
Preview Image

ရာသီစောပေါ်သည်ဖြစ်စေ၊ နောက်ကျပေါ်သည်ဖြစ်စေ၊ နည်းလာသည်ဖြစ်စေ၊ များလာသည်ဖြစ်စေ၊ အားလုံးကို ရာသီမမှန်ခြင်းဟု သတ်မှတ်ပါတယ်။ ရာသီမမှန်ရတဲ့ အကြောင်းအရင်းတွေက အောက်ပါအကြောင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ရှိခြင်း

ကိုယ်ဝန်ရှိလာပြီ ဆိုရင်တော့ ရာသီလာတာ နည်းသွားခြင်း၊ နောက်ကျနေခြင်းများ ဖြစ်ပေါ်ပြီး နောက်ဆုံး လုံးဝရပ်တန့်သွားမှာဖြစ်ပါတယ်။

စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုမျာခြင်းကတော့ အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ရာသီမမှန်စေတဲ့ အချက်ပဲဖြစ်ပါတယ်။

အစားအသောက်

ကာဗိုဟိုက်ဒရိတ် (carbohydrate) တွေများတဲ့ အစားအစာ (ဥပမာ-ထမင်းဖြူ၊ အချိုရည်များ၊ အာလူးကြော်) တွေ အလွန်အကျူးစားပြီး ဝလာရင်လည်း ဟော်မုန်း (hormones) ထုတ်လုပ်မှုအချို့ကို ပြောင်းလဲစေနိုင်ပြီး သားဥကြွေချိန်ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

အားကစားနှင့် လေ့ကျင့်ခန်း


အင်မတန် အင်အားစိုက်ထုတ်ရတဲ့လေ့ကျင့်ခန်းတွေကြောင့် စွမ်းအင်ကုန်ခမ်းမှုများသွားပြီး လစဉ်ရာသီလာချိန်တွင် အားနည်းသွားမှာဖြစ်ပါတယ်။

သားဆက်ခြားဆေးများ

သားဆက်ခြားဆေးတွေကြောင့်လည်း ရာသီပုံမှန်လာခြင်းကို အနှောင့်အယှက် ပေးနိုင်ပါတယ်။

အရက်အလွန်အကျွံသောက်ခြင်း

အရက်အလွန်အကျွံသောက်သုံးခြင်းကြောင့် အသည်းထိခိုက်သွားမယ်ဆိုရင် အမျိုးသမီး hormones များကို ကောင်းစွာ ထုတ်လုပ်နိုင်မှာမဟုတ်တဲ့အတွက် ရာသီလာခြင်းကို ထိခိုက်စေပါတယ်။

Polycystic ovary syndrome (PCOS)

သားဥအိမ်ထဲမှာရှိသော cyst ခေါ် အရည်အိတ်လေးများ ပြောင်းလဲလာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါမျိုးကလည်း ပုံမှန်သားဥကြွေချိန်ကို ပြောင်းလဲစေနိုင်ပါတယ်။

သွေးဆုံးခြင်း

ရာသီမမှန်ခြင်းတွေက သွေးမဆုံးမှီ (၁ဝ) နှစ်လောက် အလိုမှာ စတင်ဖြစ်နိုင်ပါတယ်။ အသက် (၄ဝ) နှင့် (၅ဝ) ဝန်းကျင် အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

ဆေးဝါးသုံးစွဲနေရသူများ

ဆေးဝါးပုံမှန် မှီဝဲနေခြင်းကြောင့် ရာသီစက်ဝန်းကို (၁) ရက်(၂) ရက်လောက် နောက်ကျစေပါတယ်။ ဆေးဝါးတော်တော်များများက အိစတိုဂျင် (estrogen) နှင့် ပရိုဂျက်စတီရုန်း (progesterone) ထုတ်လုပ်မှုတွေကို အကျိုးသက်ရောက်စေလို့ ဖြစ်ပါတယ်။

Premature ovarian failure


ဒီအခြေအနေမျိုးဟာ ဓာတ်ရောင်ခြည်ထိမိခြင်း၊ ခွဲစိတ်ကုသမှု ခံယူထားခြင်းနှင့် ကင်ဆာရောဂါရှင်များတွင် chemo ဆေးသွင်းကုသခြင်းများကြောင့် ဖြစ်နိုင်ပါသည်။ ကဲ ရာသီမမှန်ခြင်းတွေကြောင့် စိတ်ဒုက္ခရောက်နေကြတဲ့ အမျိုးသမီးလေးများ ဒီဆောင်းပါးလေးဖတ်ပြီး ဗဟုသုတရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးကျမ်းမာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit : Gandawin magazine


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18