Print

ဆီးကျိတ်ကြီးခြင်း

  01-Mar-2017
Preview Image


ဆီးကျိတ်ဟူသည် ဆီးအိမ်အဝတွင်ရှိသည့် သုတ်ရည်ထုတ်ပေးသော အမျိုးသားအင်္ဂါဖြစ်သည်။ ဆီးကျိတ်ကြီးပါက ဆီးအိမ်အဝနှင့် ဆီးလမ်းကြောင်းတို့ကို ဖိမိခြင်းကြောင့် ဆီးသွားရခက်ခြင်း လက္ခဏာကို တွေ့ရသည်။ အသက် ၅ဝကျော် အမျိုးသားများတွင် အဖြစ်များသည်။

 

ရောဂါလက္ခဏာများ
- ဆီးသွားရာတွင် အစခက်ခြင်း
- ဆီးလုံးသေးခြင်း၊ ဆီးသွားရာတွင် ရပ်လိုက်၊ သွားလိုက်ဖြစ်ခြင်း
- ဆီးသွားရာတွင် ညှစ်၍သွားနေရခြင်း
- မကြာခဏ ဆီးသွားလိုခြင်း
- ညဘက်တွင် ဆီးခဏခဏ သွားရခြင်း
- ဆီးမထိန်းနိုင်ခြင်း
- ဆီးကျန်သည်ဟု ခံစားနေရခြင်း
- ဆီးတွင်း သွေးပါခြင်း တို့ဖြစ်နိုင်သည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
အသက်အရွယ်ကြီးချိန်တွင် dihydrotestosterone ဟော်မုန်းများလာခြင်းကြောင့်ဖြစ်သည်။ အသက် ၅ဝကျော် အမျိုးသားများနှင့် ဆီးချို ၊ သွေးတိုးရောဂါရှိသူများတွင် အဖြစ်များသည်။

 

ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ
- ဆီးပိုးဝင်ခြင်းကြောင့် ပျို့ခြင်း၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ချမ်းတုန်၍ ဖျားခြင်း၊ ဆီးသွားရာတွင် အန့ံဆိုးခြင်း၊ သွေးပါခြင်း
- ရုတ်တရက် ဆီးမသွားနိုင်ခြင်းကြောင့် ဗိုက်အောင့်ခြင်း၊ ဆီးအိတ်တင်းလာခြင်း
- အချိန်ကြာမြင့်လာပါက ဆီးအိတ်အတွင်း ကျောက်တည်ခြင်း၊ ဆီးအိတ်ပိုးဝင်ခြင်းနှင့် ကျောက်ကပ်ရောင်ခြင်း တို့ဖြစ်နိုင်သည်။

 

ရောဂါရှာဖွေခြင်း
- ဆရာဝန်နှင့်ပြသ၍ ရောဂါလက္ခဏာများကို ရှာဖွေခြင်း
- ဆီးကျိတ်ကြီးခြင်းကို သိနိုင်ရန် စအိုတွင်းသို့ လက်ထည့်၍ စမ်းသပ်ခြင်း
- ဆီးပိုးဝင်ခြင်းကို သိနိုင်ရန် ဆီးစစ်ခြင်း
- သွေးတွင်းရှိ Prostate-specific antigen (PSA) ပမာဏကို တိုင်းတာခြင်း
- စအိုတွင်းမှတဆင့် တီဗွီဓာတ်မှန်ရိုက်ခြင်း
- ကွန်ပြူတာ ဓာတ်မှန်ရိုက်ခြင်း
- ဆီးအိတ်အတွင်း ဖိအားကို တိုင်းတာခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။

 

ကုသခြင်း
(၁) စားသောက်နေထိုင်ပုံများကို ပြုပြင်ခြင်း
- အိပ်ရာမဝင်မီ တစ်နာရီ၊နှစ်နာရီ အတွင်း ရေမသောက်ခြင်း
- ညဘက် ဆေးသောက်စရာရှိပါက အိပ်ချိန်နှင့် ခွာ၍သောက်ခြင်း
- အရက်၊ ကော်ဖီတို့ကို လျော့သောက်ခြင်း၊ ရှောင်ခြင်း
- တစ်နေ့လျှင် မိနစ် ၃ဝမှ တစ်နာရီခန့် လေ့ကျင့်ခန်းလုပ်ခြင်း
- အနည်းဆုံး နှစ်နာရီခြားပြီးမှ ဆီးသွားခြင်း
(၂) ဆေးဖြင့် ကုသခြင်း
(၃) ခွဲစိတ်ကုသခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။

 

ကာကွယ်ခြင်း
ဆီးကျိတ်ကြီးခြငး်ကို ကာကွယ်ရန် အဆီဓာတ်ကို လျှော့စားသင့်သည်။ ပရိုတင်းဓာတ်များများပါသော အစာများဖြစ်သည့် ဥ၊ နို့်၊ ပဲနို့၊ တို့ဖူး၊ ငါး၊ ချိစ်၊ ကြက်သားနှင့် အသီးအရွက်များကို များများ စားသင့်ပါသည်။

 

Lei 
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18