Print

အုန်းလွဲခြင်း (သို့) ဇက်ခိုင်ခြင်း

  01-Mar-2017
Preview Image

အိပ်သည့်အခါ ဇက်လိမ်၍ အိပ်မိခြင်း (သို့မဟုတ်) အသေးစားထိမိ၊ ခိုက်မိခြင်းတို့ကြောင့် လည်ပင်း ကြွက်သားများ နာကျင်ခြင်း (သို့) ဒဏ်ပိခြင်းများ ဖြစ်သည့်အခါ ဇက်နာ၊ ဇက်ခိုင်၊ အုန်းလွဲတတ်သည်။ ကွန်ပျူတာရှေ့ထိုင်ကာ မော်နီတာကို ကြာကြာငုံကြည့်ရခြင်း၊ လည်တိုင်ရိုး အနေအထားစံလွဲစေသည့် အပြုအမူတို့ကို ပြုမိခြင်း (ခေါင်းကြာကြာငုံ့ကာ အလုပ်လုပ်ခြင်း၊ ဇက်နှင့်ကုပ် အအေးမိခြင်း) စသည် တို့ကြောင့်လည်း ထိုသို့ဖြစ်နိုင်သည်။

 

ဇက်သာမက ခေါင်း၊ ပခုံး၊ လက်မောင်းများပါ နာနိုင်ပြီးခေါင်းလှည့်၊ ခေါင်းငုံ့ ဇက်လှန်ရသည့်အခါ ပိုဆိုးတတ်သည်။ လည်ပင်းကျောရိုးဆစ်များ
ရောင်ခြင်း၊ လည်ပင်းအရိုး ကျီးပေါင်းတက်ခြင်းတို့ကြောင့် ဖြစ်စေ၊ ဖျားခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့ကြောင့် ဖြစ်စေလည်း အလားအလာတူပင် ဖြစ်တတ်သည်။

 

ဆရာဝန်နှင့်အရင်ပြရန်
• ထိခိုက်ဒဏ်ရာရပြီးနောက် ဇက်ခိုင်လာလျှင်။
• ဇက်ခိုင်ပြီး လက်မောင်း၊ လက်တံတို့တွင် ထုံကျင်ချိနဲ့ လာလျှင် (သို့) ကိုယ်အလေးချိန်လျော့လျှင် (သို့) ဖျားလာလျှင်။

 

မိမိဘာသာ ဆောင်ရွက်နိုင်သော ကိစ္စရပ်များ
• လည်ပင်းလေ့ကျင်ခန်းကို လုပ်နိုင်သလောက် ညင်ညင်သာသာလေး စလုပ်ကြည့်ပါ။
• ဒဏ်ရာဖြစ်သွားသော အရွတ်၊ ကြွက်သားများ အတုန်၊ အရောင် လျော့စေရန်ရေနွေးဖြင့် ရေချိုးပါ။ ဇက်ပေါ်တွင် ရေနွေးပုလင်း၊ ရေနွေးဖတ် ကပ်နိုင်သည်။ 
• လည်ပင်းအောက်တွင် ပါဝင်ခုခံပေးနိုင်သော ခေါင်းအုံးဖြင့် အိပ်ပါ။ မိမိဘာသာလည်း အလားတူခေါင်းအုံးဖြစ်အောင် လုပ်၍လည်းရသည်။ ခေါင်းအုံးအလယ်မှ ကန့်လန့်ဖြတ်ပဝါ ၊ ပတ်တီးစသည်တို့ဖြင့် စည်းလိုက်ပါ။ ခေါင်းအုံးက လိပ်ပြာပုံဖြစ်သွားလိမ့်မည်။ သိမ်သွားသော အလယ်ကောင်ရှိ ချိုင့်ထဲတွင် နောက်စေ့ ထည့်အိပ်ပါ။ လိပ်ပြာတောင်ပံ တစ်ဖက်ပမာမို့မောက်နေသော ခေါင်းအုံးအစိတ်အပိုင်းက နောက်စေ့နှင့် ကျောပြင်ကြားလွတ်နေသော လည်ပင်းရိုး အကွေးဧရိယာထဲ ရောက်သွားကာ လည်ဆစ်ရိုးတို့ကိုထောက်ခံပ့ံပိုး ပေးထားပါလိမ့်မည်။

 

Credit:
ဒေါက်တာသန်းထွဋ်ု
အိမ်သားသမားတော် စာအုပ်မှကောက်နုတ်ထားပါသည်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18