Print

အိမ်တွင်းပစ္စည်းများနှင့် အလွယ်ကုသနိုင်သော နည်းလမ်းများ

  01-Mar-2017
Preview Image

သကြား
အသုံးပြုရန် - ကြို့ထိုးခြင်း

သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို မျိုချလိုက်ပါက တစ်မိနစ်အတွင်း ဂျို့ထိုးတာ သက်သာနိုင်ပါတယ်။ သကြားက အာရုံကြောကြွက်သားတွေကို ပြေလျော့စေလို့ ရင်ဝမ်းခြား ကြွက်သား ကျုံ့ညစ်မှုတွေ လျော့နည်းပြီး ကြို့ထိုးတာကို သက်သာစေပါတယ်။

 

ဟင်းသီးဟင်းရွက်ဆီ
အသုံးပြုရန် - လက်သည်းကြွပ်ဆတ်ခြင်း

လက်သည်းကြွပ်ဆတ်ပြီး ကျိုးပြတ်လွယ်တာက ခြောက်သွေ့ပြီး အစိုဓာတ်နည်းတာကြောင့်ပါ။ လက်သည်းခြေသည်းတွေကို ညတိုင်း လိုးရှင်း ပုံမှန်အသုံးပြုဖို့ လိုပါတယ်။ ညအိပ်ရာမဝင်မီ ဟင်းသီးဟင်းရွက်ဆီကို လက်ချောင်းတွေ အနှံ့လိမ်းပြီး ပလတ်စတစ် လက်အိတ်စွပ်ပြီး အိပ်ပါ။ အဆီတွေ အရေပြားကိုဖြတ်ပြီး စိမ့်ဝင်သွားတာကြောင့် လက်သည်းအစိုဓာတ်ထိန်းပေးပြီး လက်သည်းကြွပ်ဆတ်မှုမှ ကင်းဝေးစေပါတယ်။

 

ပန်းသီး
အသုံးပြုရန် - သွားဖြူစေခြင်း

သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တချို့ကို အစိမ်းလိုက် ကိုက်စားတာက သွားကို သန့်စင်ပြီးဖြူစင်စေပါတယ်။ ပန်းသီးမှာ သွားတွေကို ဖြူစင်စေတဲ့ အာနိသင်ရှိပြီး သွားမှာရှိတဲ့ သွားချေးဖတ်တွေကို ဖယ်ရှားပေးပါတယ်။ ပန်းသီးမှာပါဝင်တဲ့ မဲလစ်အက်စစ်က သွားမှာ စွန်းထင်းနေတဲ့အရောင်တွေကို ဖယ်ရှားပေးနိုင်တယ်လို့ နယူးယော့ခ်မှ သွားဆရာဝန် ဒေါက်တာဂျနီဖာဂျဘောက ပြောပါတယ်။ 

 

သံလွင်ဆီ 
အသုံးပြုရန် - နှင်းခူဖြစ်ခြင်း

နှင်းခူဖြစ်လို့ ယားယံနေတဲ့ အရေပြားတွေပေါ်ကို သံလွင်ဆီလိမ်းပေးပါက ယားယံတာ သက်သာစေတယ်လို့ ကယ်လ်ဖိုးနီးယားတက္ကသိုလ်မှ အရေပြားအထူးကု ခရစ္စတိုဖာဒန်နက်ကာက ပြောပါတယ်။ သံလွင်ဆီမှာ အင်တီအောက်ဆီဒင့် များစွာပါဝင်လို့ နှင်းခူကြောင့် ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး အစိုဓာတ်ထိန်းပေးပါတယ်။ ဒါ့အပြင် ပျက်စီးလာတဲ့ အရေပြားကိုလည်း ပြန်လည်ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းပေးပါတယ်။ သံလွင်ဆီလိမ်းပြီး ပတ်တီးစတစ်ခုနဲ့ ပတ်ထားပေးပါ။

 

သင်္ဘောသီး
အသုံးပြုရန် - အသားအရေနူးည့ံစေခြင်း

အပူပိုင်းဒေသတွေမှာ ပေါများစွာတွေ့နိုင်တဲ့ သင်္ဘောသီးမှာ ပက်ပိန်းအင်ဇိုင်းပါဝင်ပါတယ်။ အဲဒီအင်ဇိုင်းက ဆဲလ်သေတွေကို ပျော်ဝင်စေပြီး အရေပြားမျက်နှာပြင်ကို နူးည့ံချောမွေ့စေပါတယ်။ သဘောသီးကို အခွံနွှာပြီး အတွင်းသား လက်ဖက်စားဇွန်း နှစ်ဇွန်းစာနဲ့ အုတ်ဂျုံလက်ဖက်စားဇွန်း တစ်ဇွန်းကိုရောပြီး ကြိတ်ချေပါ။ မျက်နှာကို သန့်စင်ပြီးရလာတဲ့ အရောကို လိမ်းပါ။ ၁၀ မိနစ်ထားပြီးမှ မျက်နှာသန့်စင်ပါ။ တစ်လနှစ်ကြိမ် မျက်နှာပေါ်မှာ လိမ်းပေးနိုင်ပါတယ်။ အသားအရေ နူးည့ံချောမွေ့ပြီး တောက်ပလာစေပါတယ်။ သင်္ဘောသီးနဲ့ ဓာတ်တည့်၊ မတည့်မသိပါက နားအနောက်မှာအနည်းငယ် စမ်းသပ်လိမ်းပြီး သေချာမှ မျက်နှာမှာလိမ်းပါ။


Credit:
ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, December 2013, Pg. 113


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18