Print

အရေးကြီးသည့် ကျန်းမာရေး ပြဿနာတို့၏ လျစ်လျူမရှုသင့်သော အသံတိတ်လက္ခဏာမျာ...

  01-Mar-2017
Preview Image

(က) သင့်အစာအိမ်လမ်းကြောင်းမှာ ကျန်းမာရေးပြဿနာရှိနေတယ်

(၁) သွားပျက်စီးခြင်း

ရင်ပူနာ ဒါမှမဟုတ် အစာမျိုပြွန်အတွင်း အက်စစ်ဆန်တက်တဲ့ ဝေဒနာခံစားရသူတွေရဲ့ သွားကြွေသားလွှာဟာ ပျက်စီးနေပါတယ်။ အချိုစာတွေ စားတာကြောင့် သွားပျက်စီးမှုဖြစ်တာဟာ ခံတွင်းရဲ့ အရှေ့ပိုင်းနေရာမှာဖြစ်တတ်ပြီး အစာမျိုပြွန်မှ အက်စစ်တွေကြောင့်ခံတွင်းနောက်ပိုင်းမှ သွားတွေရဲ့ ကြွေလွှာပျက်စီးတတ်ပါတယ်။ ခံတွင်းနောက်ပိုင်း သွားကြွေလွှာပျက်စီးမှုကြောင့် သွားဆရာဝန်ထံ ပြသတဲ့လူနာတွေဟာ အစာအိမ်
လမ်းကြောင်းပိုင်းဆိုင်ရာ အထူးကုဆရာဝန်နှင့်လည်း ပြသဖို့လိုအပ်ပါတယ်။ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ရင်ကျပ်တာ ဒါမှမဟုတ် ခံတွင်းချဉ်နေတာတွေကလည်း ရင်ပူနာရဲ့ လက္ခဏာတွေပါ။ ရင်ပူနာကြောင့် သွားပိုးစားရောဂါဖြစ်ရုံသာမက အစာမျိုပြွန်ကင်ဆာပါ
ဖြစ်နိုင်ခြေများပါတယ်။ 

 

(၂) အရေပြားယားယံခြင်း၊ အဖုအပိမ့်ပေါက်ခြင်း

တံတောင်ဆစ်၊ ဒူးခေါင်း၊ တင်ပါး၊ နောက်ကျော ဒါမှမဟုတ် ဦးရေပြားမှာ အဖုအပိမ့်ပေါက်ပြီး ယားယံတာက နှင်းခူလိုမျိုးဖြစ်နိုင်ပေမယ့် မိမိရဲ့ ခုခံအားဆဲလ်တွေကို ပြန်လည်တိုက်ခိုက်တဲ့ Celiac ရောဂါရှိသူတွေကို ပြန်လည် တိုက်ခိုက်တဲ့ရောဂါပါ။ Celiac ရောဂါရှိသူတွေက ဂလူတင်ပါဝင်တဲ့အစာ စားမိခဲ့ရင် IgA ခေါ်တဲ့ ပဋိပစ္စည်းထွက်ရှိလာကာ အရေပြားအောက်က သွေးကြောငယ်တွေထဲမှာ စုဆောင်းမှုဖြစ်ပြီး အဖုအပိမ့်ပေါက်ကာ ယားယံလာပါတယ်။ ဂလူတင်မပါဝင်တဲ့ အစားအစာကို စတင်စားသုံးးမိတာနဲ့ တစ်ပြိုင်နက် အဲဒီအဖုအပိမ့်တွေ ပျောက်သွားတတ်ပါတယ်။ Celiac ရောဂါရှိသူတွေက အရိုးပါးရောဂါ ဒါမှမဟုတ် အူသိမ်ကင်ဆာလို ရောဂါတွေ ဖြစ်နိုင်ခြေမြင့်မားပါတယ်။

 

(၃) လိပ်ခေါင်းထွက်ခြင်း

အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရောင်ရမ်းမှုဖြစ်တဲ့ ခရုမ်းရောဂါရှိသူတွေက အနာပေါက်တာ ဒါမှမဟုတ် လိပ်ခေါင်းလိုမျိုး ဝေဒနာတွေ ခံစားရတတ်ပါတယ်။ ခရုမ်းရောဂါကို သေချာကုသမှု မခံယူရင် အူမကြီးပိတ်ဆို့တာ၊ စအိုကွဲတာနဲ့ အူမကြီးကင်ဆာတွေ ဖြစ်နိုင်ပါတယ်။ သင်ရဲ့ လိပ်ခေါင်းရောဂါဟာ သာမန်ကုသမှုနဲ့ မပျောက်ကင်းရင် ခရုမ်းရောဂါရှိမရှိ စစ်ဆေးသင့်ပါတယ်။


Credit:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, September 2015, Pg. 19


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18