Print

မျက်စိဆရာဝန်ထံ သွားပြဖို႕အချိန်တန်နေပြီလား

  01-Mar-2017
Preview Image

လူကြီးလူရွယ် ကျောင်းသားလူငယ်များ အားလုံး မိမိတို ႔မျက်စိကို မိမိတို ့ကိုယ်တိုင် စိစစ်ကြည့်ဖို႕လိုပါတယ်။ အောက်ပါ အချက် (၁၅) ချက်များကို တစ်ချက်ချင်းစီ သေချာကျနစွာ အချိန်ယူ၍ မိမိကိုယ်ကို စစ်ဆေးကြည့်ပြီးနောက်၊ တိုက်ညီမှုများရှိနေပါက မျက်စိဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ဖို႕အချိန်ကျရောက်နေပြီ ဖြစ်ပါကြောင်း သတိပေးလိုက်ပါရစေ။

 

(၁) ၅ ပေ (သို ့) ၆ ပေအထက် အကွာအဝေးမှာရှိနေသော အရာဝတ္တုပစ္စည်းများကို ကြည့်ရာမှာ ပြတ်ပြတ်သားသား မမြင်ရဘဲ၊ ၄င်းအရာဝတ္တုပစ္စည်းတွေကို နှစ်ခုထပ်၍ မြင်နေရပါသလား။

 

(၂) မိမိကြည့်ရှုသော အရာဝတ္တု၏ အစွန်းအနားများ မှုန်ဝါးဝါးဖြစ်နေပါသလား။

 

(၃) လျှပ်စစ်မီးလုံး (သို႕) ဖယောင်းတိုင်အလင်းရောင်ကို ကြည့်ရာမှာ မီးရောင်ကို ၀ိုင်းပတ်၍ သက်တန် ့သဖွယ် ရောင်စုံမြင်နေရပါသလား (သို႕) ရောင်ခြည်ကွင်း ၀ိုင်းပတ်နေတာကို မြင်နေရပါသလား။

 

(၄) ညဘက်မှာ အရာဝတ္တုတွေကို ခါတိုင်းကဲ့သို႕သဲသဲကွဲကွဲ ခွဲခြား မမြင်ရဘဲ ထွေဝါးလာပါသလား။

 

(၅) မျက်စိကို မှန်ထဲကြည့်ရာမှာ မျက်စိတွေ နီမြန်းနေပါသလား။

 

(၆) အလင်းရောင်ကို ကြည့်တဲ့အခါ မျက်စိစူးပါသလား၊ အောင့်ပါသလား၊ နာကျင်ကိုက်ခဲပါသလား၊ အလင်းရောင်ကို ကြောက်နေပါသလား၊ အချိန်မရွေး နေကာမျက်မှန် တပ်ထားလိုသော စိတ်ဆန္ဒဖြစ်ပေါ်နေပါသလား။

 

(၇) မိမိနှင့် နီးကပ်သောအရာများကို ကြည့်ရှုရာမှာ အခက်အခဲတွေ႕ ႕နေပါလား။ ဥပမာ စာရေး စာဖတ်တဲ့အခါတွေမှာ ဖတ်ရိုးဖတ်စဉ် ယခင်ကြည့်နေကျ အနေအထားထက် ပို၍ ရှေ႕႔သို႔တိုးကပ်ပြီးကြည့့်နေရသလား (သို႔) နောက်သို႔ခွာပြီး ကြည့်နေရသလား (သို႕) မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်မှ အမြင်ကြည်နေပါသလား (သို႔) မျက်မှောင်ကြုတ်၍ ကြည့်နေရပါသလား။

 

(၈) အရာဝတ္တုများကို ကြည့်ရှုရာတွင် ယခင်ကထက် မှေးမှိန်စွာ မြင်ရပါသလား။ မီးအလင်းရောင်နှင့် စာကြည့်ရာမှာလည်း ခါတိုင်းထက်ပို၍ အလင်းရောင်များများ လိုအပ်နေပါသလား။ ခပ်လှမ်းလှမ်းမှ အရာဝတ္တုတွေကိုကြည့်ရာတွင် ခါတိုင်းထက်ပို၍ ဂရုစိုက်ကြည့်ရပါသလား။

 

(၉) မျက်စိများ ယားယံခြင်း၊ ပူစပ်ပူလောင် ဖြစ်ခြင်း၊ အောင့်ခြင်း၊ ကိုက်ခဲခြင်း ဖြစ်နေပါသလား။

 

(၁၀) ခါတိုင်း တွေ႔မြင်နေကျဖြစ်တဲ့ ဖြောင့်သောတိုင်တစ်ခုကို ခပ်ယိုင်ယိုင် ကွေးကွေးမြင်နေပါသလား (သို႔) တမံသလင်း ကွန်ကရစ်ကဲ့သို႔႔သော ညီညာဖြောင့်ဖြူးသော လမ်းကို လျှောက်လှမ်းရာမှာ အပေါ်သို႔ ခုံးတက်နေသလို အောက်သို႔ နိမ့်လျောနေသလို ခံစားရပါသလား။

 

(၁၁) အရောင်အသွေးများကို ပြတ်ပြတ်သားသား ကွဲကွဲပြားပြား ခွဲခြားမြင်နိုင်ပါရဲ႕ လား။

 

(၁၂) မိမိမျက်စိကို မှန်ထဲတွင် လေ့လာကြည့်လိုက်ပါ။ မျက်ခွံတွေ နီရဲခြင်း (သို႕) မျက်ခွံအစ်၍ မျက်ရစ် နှစ်ထပ်ဖြစ်ခြင်း ကြုံ တွေ ့နေရပါသလား။

 

(၁၃) ရှေ႕႕တည့်တည့်သို႕ကြည့်ရာမှာ မြင်မြင်သမျှ အရာအားလုံး အစက်အပြောက်များမြင်နေပါသလား (သို႕) အမဲစက် ပြောက်ကလေး တစ်လုံး နှစ်လုံးခန်႔ကို အပေါ်ဖက်အောက်ဖက်သို႕ဘောလုံးသဖွယ် ပြေးနေသည့် သဏ္ဍာန်ကို မြင်နေရပါလား။

 

(၁၄) မျက်စိများခြောက်ကပ်၍ ပိတ်ဖွင့်ရာတွင် ခပ်ဖန်ဖန် ခပ်စပ်စပ် ခံစားနေရပါသလား။

 

(၁၅) စာရေးစာဖတ်နေစဉ်မှာ သော်လည်ကောင်း၊ စာရေးစာဖတ်ပြီးနောက်တွင်လည်းကောင်း ခေါင်းကိုက်ပါသလား။ တစ်စုံတစ်ခုကို စူးစိုက်ကြည့်ပြီးတဲ့အခါမှာလည်းခေါင်းထဲမှ ထိုးကိုက်နေပါသလား။ ဦးခေါင်းနောက်စေ့မှ အုံ၍ ကိုက်ခဲနေပါသလား။


Credit : Promise Pauk



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18