Print

မန်းမှုတ်ခြင်းနှင့် ရောဂါတချို့

  30-Sep-2019
Preview Image

ရောဂါတချို့ကို ပျောက်ကင်းစေရန် (သို့) ကာကွယ်ရန်အတွက် မန်းမှုတ်ခြင်း ပြုလေ့ရှိကြသည်။ မန်းမှုတ်ခြင်းသည် မိမိတို့၏ ယုံကြည်မှုအရ လုပ်ဆောင်ခြင်းဖြစ်သဖြင့် ဘာမှမပြောလိုပါ။ သို့သော် တစ်ဖက်က မန်းမှုတ်ခြင်းသကဲ့သို့ အခြားတစ်ဖက်ကလည်း ဆေးကုသမှု ပြုကြရန် တိုက်တွန်းလိုပါသည်။ ရောဂါပျောက်ကင်းရန် မန်းမှုတ်မှုတွင် ဥပမာတစ်ခု တင်ပြရပါလျှင် ခွေးကိုက်ခံရခြင်းဖြစ်သည်။ ခွေးကိုက်ခံရလျှင် အနာမရင်းရန် ခွေးရူးပြန်ရောဂါ ကာကွယ်ရန် မန်းမှုတ်လေ့ရှိသည်။ ကျွန်တော့်အနေဖြင့် ခွေးကိုက်ခံရလျှင် မန်းလိုက မန်းမှုတ်ပါ။

တစ်ဖက်ကလည်း မေးခိုင်ကာကွယ်ဆေး၊ လိုအပ်ပါက ခွေးရူးပြန်ကာကွယ်ဆေးများ ထိုးသင့်ကြောင်း ပြောလိုသည်။ ခွေးရူးရောဂါသည် မဖြစ်မီက ကြိုတင်ကာကွယ်ရန် အရေးကြီးဆုံးဖြစ်၏။ ရောဂါဖြစ်ပြီးပြီဆိုပါလျှင် ကုသရန် မလွယ်ကူတတ်တော့ပါ။ ရောဂါပျောက်ရန် မန်းမှုတ်မှုများလည်းရှိသည်။ မှတ်ခရုပေါက်လျှင်၊ ရေယုန်ပေါက်လျှင် မန်းမှုတ်မှုတတ်ကြပါသည်။ ဤရောဂါများမှာ သာမန်အားဖြင့် ပြင်းထန်မှုမရှိသော်လည်း ဆရာဝန်များနှင့် ပြသ၍ ကုသရန်တော့ လိုအပ်မည်ဖြစ်ပါသည်။ ထို့ကြောင့် ရောဂါများပျောက်ကင်းရန် (သို့) ကာကွယ်ရန်အတွက် မန်းလိုကမန်းပါ။ သို့သော် တစ်ဖက်ကလည်း လိုအပ်သော ကုသမှုလုပ်ကြပါဟု အကြံပေးပါသည်။

Credit : ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 

 



Related Articles


Advertisment 18