Print

TV အလွန်အကျွံ ကြည့်ခြင်းက ကလေးများ၏ ဦးနှောက်စွမ်းရည်ကို ထိခိုက်စေနိုင်

  16-Sep-2019
Preview Image

ကလေးများ အနေဖြင့် TV ရှေ့တွင် အလွန်အကျွံ အချိန်ကုန်နေပါက ၎င်းတို့၏ ဦးနှောက်တည်ဆောက်ဖွဲ့စည်းပုံကို ထိခိုက် သက်ရောက်မှုများ ရှိလာစေနိုင်ကြောင်း သုတေသီများက ယုံကြည်ထားသည်။ ကလေးငယ်များကို TV အလွန်အကျွံ ကြည့်ရှုခွင့် ပေးခြင်းသည် ၎င်းတို့၏ ဦးနှောက်၏ စွမ်းဆောင်ရည် အပိုင်းတွင် ယိုယွင်းပျက်စီးမှုများ ဖြစ်ပေါ်စေနိုင်သည့် လမ်းစမျိုးဟု သုတေသီများက သတိပေး ပြောကြားလိုက်သည်။ ကလေးများ အနေဖြင့် TV ရှေ့တွင် အလွန်အကျွံ အချိန်ကုန်နေပါက ၎င်းတို့၏ ဦးနှောက် တည်ဆောက်ဖွဲ့စည်းပုံကို ထိခိုက်သက်ရောက်မှုများ ရှိလာစေနိုင်ကြောင်း သုတေသီများက ယုံကြည်ထားသည်။ သုတေသနလေ့လာမှု လုပ်ငန်းစဉ် တစ်ခုက ကလေးများအနေဖြင့် TV အလွန်အကျွံ ကြည့်ရှုခြင်းကြောင့် ဦးနှောက်၏ ပုံမှန် လုပ်ငန်းစဉ်များတွင် လွဲချော်မှားယွင်းမှုများ သက်ရောက်လာတတ်သည်ကို ဖော်ထုတ် တွေ့ရှိစေခဲ့သည်။ ဂျပန်နိုင်ငံတွင် ပြုလုပ်သည့် ယင်းသုတေသန လုပ်ငန်းတွင် အသက် (၅) နှစ်မှ (၁၈) နှစ်ကြား ကလေးငယ် (၂၇၆) ဦးကို လေ့လာဆန်းစစ်ခဲ့ခြင်း ဖြစ်သည်။

ကလေးများကို နေ့စဉ်နေ့တိုင်း TV လုံးဝမကြည့်သူများနှင့် (၄) နာရီထိ ဆက်တိုက်ကြည့်ရှုသူများဟူ၍ အုပ်စုများ ခွဲခြားခဲ့သည်။ တတိယမြောက် အုပ်စုတွင်မူ သင့်တင့်သည့် အချိန်အပိုင်းအခြားဟု သတ်မှတ်နိုင်သည့် တစ်နေ့လျှင် (၂)နာရီဝန်းကျင် TV ကြည့်သော ကလေးများ ပါဝင်နေသည်။ ကလေးများ၏ ဦးနှောက်ကို MRI Scan ဖတ် စစ်ဆေးကြည့်ရာ TV အလွန်အကျွံ ကြည့်လေ့ရှိသည့် ကလေးများတွင် ဦးနှောက်တွင် Grey Matter ထွက်ရှိမှု အများဆုံး ဖြစ်နေသည်ကို တွေ့ရသည်။ ဦးနှောက်၏ Frontopolar Cortex ဧရိယာ တစ်ဝိုက်တွင် ယင်းဓာတ်ပစ္စည်း အများအပြား ပေါ်ထွက်နေကြောင်း သုတေသီများက ဆိုသည်။ အကျိုးဆက်အနေဖြင့် နှုတ်မှု စွမ်းရည် ကျဆင်းခြင်းကဲ့သို့ ကိုယ်ရည်ကိုယ်သွေး ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဆန်ဒိုင်မြို့ တိုဟိုကူ တက္ကသိုလ်မှ သုတေသီများက ရှင်းပြခဲ့သည်။ Grey Matter ပမာဏသည် ခန္ဓာကိုယ် အလေးချိန်နှင့် ဆက်စပ်နေသည်ဟု ယူဆရပြီး ကလေးဘဝတွင် ဦးနှောက်စွမ်းရည်ဖွံ့ဖြိုးမှု အရှိန်အဟုန် မြင့်တက်စေရန်အတွက် ယင်းဓာတ်ပစ္စည်းများ နည်းနိုင်သမျှ နည်းပါးခြင်းက အကောင်းဆုံးဖြစ်ကြောင်း ပညာရှင်များက ဆိုသည်။ ယခုတွေ့ရှိမှုကို Cerebral Cortex ဆေးပညာ ဂျာနယ်တွင် ဖော်ပြခဲ့ပြီး သုတေသီများက ကလေးများ အနေဖြင့် TVရှေ့ အချိန်ကုန်နေခြင်းထက် စာဖတ်ခြင်း၊ အားကစားလိုက်စားခြင်း၊ မိသားစုနှင့်အတူ ပျော်ရွှင်စွာ ဖြတ်သန်းခြင်းများအတွက် ပိုမို၍ အချိန်ပေး သင့်ကြောင်း အကြံပြုထားသည်။

Credit : Planet Myanmar Network

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18