သွားနှုတ်လျှင် မျက်စိထိခိုက်တတ်ပါသလား
13-Sep-2019
သွားနှုတ်၍ မျက်စိ မထိခိုက်နိုင်ပါ။ သို့သော် မျက်စိထက် အရေးကြီးသော ခန္ဓာကိုယ်
အစိတ်အပိုင်းများ ထိခိုက်ပြီး အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေမျိုး ရောက်နိုင်သဖြင့်
အောက်ပါအချက်များကို လိုက်နာရန် လိုအပ်ပါသည်။
(၁) မျက်နှာပေါ်တွင် အနာဖြစ်ခြင်း၊ သွားပြည်တည်နာခြင်း၊ သွားနာခြင်းတို့ဖြစ်လျှင် ဆေးမီးတိုများဖြင့်
မကုသဘဲ တတ်ကျွမ်း နားလည်သည့် ဆရာဝန်၊သွားဆရာဝန်များဖြင့် ပြသ၍ ကုသမှုခံယူပါ။
(၂) အထက်ပါ ဆရာဝန်များက လိုအပ်သည့် ဆေးဝါးများ ဥပမာ - Antibiotics အပြင် ခွဲစိတ်ကုသမှုကိုပါ
ပြုလုပ်ရန် လိုအပ်ပါက မကြောက်ရန်လိုပါသည်။ အဆိုပါအရေးပေါ် ခွဲစိတ်မှုက သင်၏အသက်ကို
ကယ်တင်နိုင်ပါသည်။
(၃) American Heart Association ၏ နောက်ဆုံး ညွှန်ကြားချက်မှာ မွေးရာပါ နှလုံးရောဂါရှင်များ၊
နှလုံးအတွင်းပိုင်း ခွဲစိတ်ကုသမှုခံယူ၍ Valve အစားထိုးထားသူများ၊ အဆစ်အစားထိုး
ကုသမှု ခံယူထားသူများသည် သွားရောဂါကုသမှု၊ အသေးစားခွဲစိတ်ကုသမှုများ မပြုလုပ်မီ
တစ်နာရီအလိုတွင် Antibiotics ကို အသက်အရွယ်၊ ခန္ဓာကိုယ်အလေးချိန်အပေါ် မူတည်၍
သောက်သုံးရန်လိုအပ်ပါသည်။ ထိုသို့ ကြိုတင်သောက်ထားခြင်းဖြင့် Bacteria
Endocarditis ခေါ် နှလုံးအတွင်းတံခါး Valve များ ရောင်သည့် အသက်အန္တရာယ်
ထိခိုက်နိုင်သော အခြေအနေကို ကာကွယ်နိုင်ကြောင်း ရေးသားလိုက်ရပါတယ်။
Credit : ဒေါက်တာတင်လတ်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

