Print

မိမိဆေးကို အခြားသူအား ဆေးတိုက်ခြင်း

  01-Mar-2017
Preview Image

လူနာတစ်ချို့သည် မိမိနေထိုင်မကောင်းသောအခါ ဆေးရုံဆေးခန်းသို့ သွားရောက်ပြသကြသည်။ မိမိအတွက် ဆရာဝန်များက ဆေးဝါးတစ်ချို့ပေးလိုက်သည်။ မိမိ၏ မိသားစုဝင်တစ်ဦး ဖြစ်စေ၊ မိတ်ဆွေတစ်ဦးတစ်ယောက် ဖြစ်စေ မိမိကဲ့သို့ အလားတူဝေဒနာ ခံစားရသောအခါ မိမိအတွက် ပေးလိုက်သောဆေးကို တိုက်ကျွေးတတ်ကြသည်။ 

 

ရောဂါတစ်မျိုး၌ လက္ခဏာအမျိုးမျိုးဖြစ်နိုင်သည်။ လက္ခဏာတစ်မျိုးသည်လည်းရောဂါအကြောင်းအရင်း တစ်မျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ မိမိသည်သာမန်လူတစ်ယောက်သာ ဖြစ်သဖြင့် ဆေးဝါးများအကြောင်းကို ကောင်းစွာသိနိုင်မည် မဟုတ်သကဲ့သို့ ဝေဒနာလက္ခဏာများကို မှန်ကန်စွာ သုံးသပ်အကဲဖြတ်နိုင်မည် မဟုတ်ပေ။ မိမိနှင့် ရောဂါတူသည်၊ဝေဒနာတူသည်ဟု ယူဆ၍ မိမိဆေးကို အခြားသူအား တိုက်ခြင်းမှာ အန္တရာယ်များသော လုပ်ရပ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ရောဂါချင်းတူသည့်တိုင် လူတစ်ယောက်နှင့်တစ်ယောက်မတူညီမှုများကို စဉ်းစားချိန်ဆ၍ ဆေးဝါးများကို မိမိကိုယ်ကို ညွှန်ကြားမပေးသင့်ပါ။

 

•ဒါ့ကြောင့် မိမိဆေးကို သူတစ်ပါးအား မတိုက်သင့်သကဲ့သို့ သူတစ်ပါး၏ ဆေးကိုလည်း ယူမသောက်ရပါ။ လုံးဝရှောင်ကြဉ်ရပါမည်။

 

Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့်ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18