Print

ကိုယ်ဝန်ဆောင် ကြွက်တက်ခြင်းနှင့် ကာကွယ်နိုင်သော နည်းလမ်းကောင်းများ

  09-Sep-2019
Preview Image

ကြွက်မတက်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတော့ ခြေသလုံးနဲ့ခြေမျက်စိ လေ့ကျင့်ခန်းလေးတွေကို နေ့စဉ်လုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းကို မတ်တပ်ရပ်လျှင်လည်း လုပ်နိုင်တယ်။ ခြေဆင်းထိုင်ပြီးတော့လည်း လုပ်နိုင်တယ်။

ခြေချောင်းကလေးတွေနဲ့ ခြေသလုံးကြွက်သားတွေမှာ သွေးလှည့်ပတ်မှုကိုကောင်းပြီး အဆစ်တွေကို ပိုမိုပျော့ပျောင်းစေတယ်။ ကြွက်မတက်အောင်လည်း ကာကွယ်နိုုင်တယ်။

ခြေဖျားကလေးတွေကို ကွေးလိုက်ဆန့်လိုက် (ကော့တင်လိုက်၊ ဆန့်ထုတ်လိုက်) အပေါ်အောက် လှုပ်ရှားပေးရမယ်။ ပြီးတော့ ခြေဖဝါးကို ခြေချင်းဝတ်ကနေပြီး ဘယ်ဘတ်လှည့်လိုက်၊ ညာဘက်လှည့်လိုက် ပတ်လည်ဘယ်ညာလှည့်ပေးရမယ်။ ထိုင်တဲ့အခါမှာ ခြေထောက်ကိုနည်းနည်းလေး မြှောက်ပြီး ထိုင်သင့်တယ်။

နေ့စဉ်မှန်မှန် လမ်းလျှောက်ခြင်းဟာလည်း အင်မတန်ကောင်းမွန်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ကြွက်မတက်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

မှတ်မိလွယ်စေရန် ကဗျာလေးနဲ့ ဖော်ပြပေးလိုက်ပါတယ်....
"ကြွက်မတက်အောင်
ခြေဖျားကော့ပြီး ဆန့်ထုတ်ကွယ်
နှိပ်နယ်ပေးရမယ် …
ဖိမထိုင်ရ၊ မချိတ်ရ …
လေးလျှောက်ပေးပါဗျ။"


Credit : ဒေါက်တာစိုးလွင် (တွဲဖက်ပါမောက္ခ)


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18