Print

သင့်အခန်းအား မည်သည့်အရောင်သုတ်မလဲ

  01-Mar-2017
Preview Image

အရောင်များ၏ ထူးခြားသော ဂုဏ်အင်္ဂါများကို သင်သိပြီးဖြစ်ကောင်းဖြစ်နိုင် ပါလိမ့်မည်။ ကျွမ်းကျင်ပညာရှင်များ၏ အရောင်နှင့်ပတ်သက်၍ ယူဆချက်များ ကိုဖော်ပြပေးထားပါသည်။

 

အနီရောင် (Red)
• စွမ်းအားကိုဖြစ်စေသည်။
• လှုံ့ဆောင်မှုပေးသည်။
• ခွန်အားဖြစ်စေသည်။ ခွန်အားတက်စေသည်။
• တက်ကြွစေသည်။

 

လိမ္မော်ရောင် (Orange)
• စိတ်ကိုလှုံ့ဆော်ပေးနိုင်သည်။

 

အဝါရောင် (Yellow)
• ဦးနှောက်နှင့် အာရုံကြောကို လှုံ့ဆော်မှုပေးနိုင်သည်။
• မောပန်းနွမ်းနယ်မှုကို ပြေပျောက်စေနိုင်သည်။

 

အစိမ်းရောင် (Green)
• အေးမြသောသဘောရှိသည်။
• စိတ်ဖြေလျော့နိုင်သည်။ နူးည့ံစေသည်။

 

အပြာရောင် (Blue)
• စိတ်ကိုတည်ငြိမ်စေသည်။
• အာရုံစုစည်းနိုင်သည်။
• ဝေဒနာများကို လျင်မြန်စွာ သက်သာစေသည်။

 

မဲပြာရောင် (Indigo)
• နူးည့ံပျော့ပျောင်းစေသည်။
• အေးဆေးတည်ငြိမ်မှု ဖြစ်ထွန်းစေသည်။
• အိပ်ပျော်စေသည်။

 

ခရမ်းရောင် (Violet)
• အိပ်ဆေးအလားအစွမ်းထက်သည်။
• ကောင်းစွာအိပ်ပျော်စေသည်။

 

ပန်းရောင် (Pink)
• ရန်လိုခြင်း၊ ဒေါသဖြစ်ခြင်း၊ စိတ်မတည်ငြိမ်ခြင်းတို့ကို လျော့နည်းပြေပျောက်စေသည်။ ခွန်အားလျော့ကျစေသည်။

 

အရောင်အသွေးတို့၏ သဘောသဘာဝတို့ကို နားလည်ထားခြင်းဖြင့် မိမိတို့၏ သားသမီးများအား အရုပ်လေးများနှင့် ကစားစရာ ဝယ်ပေးရာတွင် လည်းကောင်း၊ အဝတ်အစားအရောင်ရွေးချယ်ရာတွင် လည်းကောင်း အထောက်အကူဖြစ်စေနိုင်သည်။

 

Credit:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့်ပတ်သက်သော အယူအဆအမှားများနှင့် သိမှတ်ဖွယ်ရာများ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18