Print

သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ကုန်ဆုံးခြင်းကြောင့် ပြသသော လက္ခဏာ ၁၀ ရပ်

  01-Mar-2017
Preview Image

အကြောတက် ဇက်ကြောထိုးခြင်း
ကြွက်သားအရွတ် နာကျင်ခြင်းက သင့်ကို ရေဓာတ် ၈၀ ရာခိုင်နှုန်း လျော့နည်းနေတယ်လို့ပြောနေပါတယ်။ ရေဓာတ်လျော့နည်းခြင်းကြောင့် အရိုးတွေ တစ်ခုနဲ့တစ်ခု ပွတ်တိုက်မိခြင်းကြောင့် နာကျင်ခြင်းများ ဖြစ်စေပါတယ်။

 

အစာစားချင်စိတ် ပြင်းပြခြင်း
သင်အလွန်အမင်း ဆာလောင်နေတယ်ဆိုရင် ရေကိုနညး်နည်းခြင်းစီ သောက်ပေးပါ။ ခန္ဓာကိုယ်မှ ဦးနှောက်သို့ သတင်းပေးပို့တာကြောင့် အဆာစားချင်စိတ်ပေါ်လာတာဖြစ်ပါတယ်။

 

ခံတွင်း အနံဆိုးထွက်ခြင်း
ခံတွင်းအနံဆိုးထွက်ခြင်းက ရောဂါလက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှ တံတွေး အလုံအလောက် မရှိခြင်းကြောင့် ဘက်တီးရီးယားပိုးမွားတွေ ဖြစ်ပေါ်စေတာပါ။ ဘက်တီးရီးယားပိုးမွှားများမှ အနံဆိုးများ ဖြစ်ပေါ်စေပါတယ်။ ခံတွင်းထဲရှိ တံတွေးက သွားများပျက်စီးခြင်းနှင့် သွားကြားရှိ အစာအကြွင်းအကျန်များကို ဖယ်ရှားပေးပါတယ်။

 

နှလုံးရောဂါ
ရေဓာတ်လျော့နည်းခြင်းဖြင့် နှလုံးအားနည်းခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေဖြစ်ပေါ်စေပါတယ်။ သွေးလည်ပတ်မှု လျော့ချစေခြင်းဖြင့် နှလုံးခုန်နှုန်းက လျော့နည်းစေပါတယ်။ ဒီလိုဆိုရင် ပိုတက်ဆီယမ် လျော့ချမှုတွေနဲ့ သကြားဓာတ် လျော့နည်းမှုတွေလည်း ဖြစ်ပေါ်စေပါတယ်။

 

မောပန်းနွမ်းနယ်ခြင်း
အရည်ဓာတ် လျော့နည်းလည်း သွေးဖိအားလျော့နည်းခြင်း နှင့် သွေးတိုးခြင်းများ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် နှလုံးစွမ်းအင်က ဦးနှောက်၊ ကြွက်သားနှင့် အရေပြားတွေဆီကို ပို့ပေးရပါတယ်။ ဒါကြောင့် အောင်စီဂျင်နှင့် အာဟာရဓာတ်တွေ ပိုမိုလိုအပ်လာပြီး ပင်ပန်းနွမ်းနယ်မှုတွေ လုပ်ချင်ကိုင်ချင်စိတ် မရှိမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကို ဖြေရှင်းဖို့အလွယ်ဆုံး နည်းလမ်းကတော့ ရေများများသောက်သုံးပေးပါ။

 

ခေါင်းကိုက်ခြင်း
ရေဓာတ်လျော့နည်းသောအခါ ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်လျော့နည်းတာကြောင့် ဦးနှောက်တစ်သျူး အလုပ်လုပ်မှု သက်တောင့်သက်သာမရှိတော့ပါဘူး။ ဦးနှောက်ရေ ခမ်းခြောက်သောအခါ ဦးနှောက်က ဦးခေါင်းခွံကို ဆွဲထားသလို ဖြစ်တာကြောင့် ခေါင်းကိုက်ခြင်းတွေ ဖြစ်ပေါ်နေပါတယ်။ ဒီနည်းတူ ရေခမ်းခြောက်ခြင်း နှင့်အတူ အောင်စီဂျင် အပြည့်အဝမရရှိခြင်း၊ ဦးနှောက်သွေးစီးဆင်းမှု
ကိုလည်း လျော့နည်းစေပါတယ်။

 

ဆီးအရောင်ပြောင်းခြင်း
ရေဓာတ်ဆုံးရှုံးမှုက ကျောက်ကပ်ကိုလည်း ထိခိုက်စေပါတယ်။ ရေက ကျင်ငယ်ကို အဝါရောင်အဖြစ်သန့်စင်ပေးပါတယ်။ ဆိုလိုတာကတော့ ရေအလုံအလောက် ရရှိမှုကအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ သဘောပါပဲ။ ကျင်ငယ်တွေ မည်းမည်း အရောင် ဖြစ်လာပြီဆို ခန္ဓာကိုယ်မှာ သွေးဖိအားတွေ ကောင်းစွာအလုပ်မလုပ်နိုင်ဘဲကျောက်ကပ်မှာ ရေဓာတ်အားနည်းလာလို့ဖြစ်ပါတယ်။ မည်းမည်းအရောင်တွေကအဆိပ်အတောက်တွေ ဖြစ်ပြီး ကောင်းတဲ့လက္ခဏာတစ်ရပ်မဟုတ်ပါဘူး။ နာတာရှည်ရောဂါတွေဖြစ်ပွားနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်းများလည်း ဖြစ်ပွားစေပါတယ်။

 

ဝမ်းချုပ်ခြင်း
ရေဓာတ်လျော့နည်းခြင်းက အစာချေမှု့ကို လျော့နည်းစေပြီး ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

 

နှုတ်ခမ်းနှင့် အသားအရေ ခြောက်ခြင်း
ရေဓာတ်ကုန်ဆုံးတာနှင့်အတူ အသားအရေများကလည်း ခြောက်သွေ့လာပါတယ်။ အရေပြားအတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားမပေးနိုင်ခြင်း၊ အရေပြားအဆီများကိုလည်း ဖယ်ရှားပေးခြင်း တို့ဖြစ်ပေါ်စေပါတယ်။ ဆိုလိုတာကဝက်ခြံ၊ နှင်းခူ၊ကြမ်းထော်ပြီး အနီပိမ့်များ ထသည့်ရောဂါတွေ ဖြစ်ပွားရုံသာမက နှုတ်ခမ်းကွဲခြင်းများကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

 

ထက်မြက်မှုမရှိခြင်းနှင့် ဇဝေဇဝါဖြစ်ခြင်း
ဦးနှောက်က ၉၀ ရာခိုင်နှုန်း ရေဓာတ်လိုအပ်ပါတယ်။ ရေဓာတ်လျော့နည်းလာသည်နှင့်အမျှ မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်း မရှိတော့ပါဘူး။ ထင်မြင်ပြတ်သားစွာ သိနိုင်ခြင်း မရှိသောကြောင့် ကိစ္စများစွာကို ဇဝေဇဝါ ဆုံးဖြတ်တတ်ပါတယ်။


Credit: Justlife



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18