Print

ချွေးနံ့ဆိုးတွေ ဝေးစေအောင်

  01-Mar-2017
Preview Image

ချွေးတိတ်ဆေး
ချွေးနံ့ပျောက်ဆေးများဟာ ချွေးနံ့ နည်းစေဖို့သာ အဓိကလုပ်ဆောင်နိုင်တာကြောင့်ချွေးထွက်နည်းစေလိုတဲ့ အခါ ချွေးတိတ်ဆေးတွေ သုံးဖို့လိုပါတယ်။ချွေးထွက်စေတဲ့ ပြွန်ငယ်တွေကို ပိတ်ဆို့ခြင်းဖြင့် ချွေးအထွက် နည်းစေတဲ့ လိမ်းဆေးတွေကို အရေပြားအထူးကု ဆရာဝန်နှင့် တိုင်ပင်ပြီး သုံးစွဲနိုင်ပါတယ်။

 

အဝတ်အထည်
ချည်ထည်၊ သိုးမွေးထည်၊ လျှော်၊ ပိုးထည် စသည့် သဘာဝအထည်များကို ဦးစားပေး ဝတ်ဆင်ပါ။ သဘာဝမဟုတ်ဘဲ ဖန်တီးထားသည့် အထည်များသည် လေဝင်လေထွက်ကောင်းမွန်ခြင်း မရှိဘဲချွေးပိုထွက်စေသည်။

 

အစားအစာ
ရေနွေးနှင့် ပူပြင်းသည့် အစားအစာများသည် ခနွာကိုယ်အပူချိန်ကို မြင့်တက်စေသည့် အတွက် ချွေးထွက်လွန်သူများ ရှောင်သင့်သည်။ ကဖင်းဓာတ်ပါသည့် ကော်ဖီ ၊ ချောကလက်များ၊ ပူစပ်သည့် ငရုတ်သီး၊ ငရုတ်ကောင်းစသည်တို့သည်လည်း ချွေး ထွက်လွန်စေသည်။ ရေဆာသည်နှင့် ရေသောက်ဖြစ်အောင် ဂရုစိုက်ပါ။ ရေဓာတ်ပြည့် ဝနေခြင်းသည်လည်း ခန္ဓာကိုယ်အလေးချိန်ကို အေးမြစေရန် ထိန်းထားနိုင်သည်။


Credit:
သီဟ
Health for all magazine, February 2014, Pg.89


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18