Print

စိတ်ကျရောဂါကုထုံးများ

  29-Aug-2019
Preview Image

ဤဆေးများဖြင့် စိတ်ကျရောဂါလူနာ ငါးယောက်လျှင် လေးယောက်ပျောက်ကင်းနိုင်ပါသည်။ ဆေးညွှန်းအတိုင်း စိတ်ရှည်ရှည် သောက်သုံးရန် လိုပါသည်။ အဘယ်ကြောင့်ဆိုသော် ဆေးအာနိသင်ပြရန်တစ်လခန့် စောင့်ရပါသည်။ ဆေးသောက်ချိန် ခြောက်လခန့်ယူရပါသည်။ အချို့လူနာများအတွက် တစ်နှစ်အထိ ဆေးသောက်ရတတ်ပါသည်။ အသုံးများသော ဆေးများမှာ- Anitriptyline, Imipramine. Doxepine, Fluoxetine အစရှိသည့်ဆေးများ ဖြစ်ကြပါသည်။

(၁) စိတ်ပိုင်းဆိုင်ရာကုထုံး (Psychotherapy)


စိတ်ကျနေသော လူနာများသည် အရာရာကို အဆိုးမြင်ခြင်းနှင့် မိမိကိုယ်မိမိ အပြစ်တင်ခြင်း (Feeling of guilt ) စသည့် အားငယ်စိတ်များကိုသာ ခံစားတွေးတော နေတတ်ကြသည်။ ထိုခံစားမှုများ အတွေးများကို လျော့နည်းပပျောက်သွားရန် တဖြည်းဖြည်း အားပေးထောက်ကူပေးရန် (Encouragement and support) လိုအပ်ပါသည်။ စိတ်ပိုင်းဆိုင်ရာကုထုံးသည် ချက်ချင်းလက်ငင်း သိသိသာသာ အစွမ်းပြချင်မှပြပါသည်။ သို့ရာတွင် ရေရှည်အတွက် အလွန်အမင်း အကျိုးများသော ကုထုံးဖြစ်ပါသည်။အဘယ်ကြောင့်ဆိုသော် လူနာအား မှန်မှန်ကန်ကန် စိတ်ထားတတ်ရန် စွမ်းဆောင်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။

(၂) မိသားစုနှင့် ဆွေးနွေးခြင်း (Family Counselling)

မည်သည့်ရောဂါအတွက်မဆို လူနာသက်သာပျောက်ကင်းရေးအတွက် မိသားစု (သို့) အတူနေတို့၏ အခန်းကဏ္ဍသည် လိုအပ်ပါသည်။ စိတ်ရောဂါများအတွက်မူ အလွန်အရေးကြီးပါသည်။ အထူးသဖြင့် စိတ်ကျရောဂါလူနာများအတွက် အဓိကကျသော ကုထုံးတစ်ခုဖြစ်ပါသည်။ ရောဂါသဘာဝအရ လူနာသည် စိတ်ရောကိုယ်ပါ နှေးကွေးနေရာ မေးလို့မပြော၊ ခိုင်းလို့မလုပ်သည့် အခြေအနေမျိုး ဖြစ်တတ်ပါသည်။ ထိုအခါအတူနေသူများက လူနာခံစားနေရသည်များကို သဘောမပေါက်နားမလည်ဘဲ စိတ်မရှည်ဖြစ် တတ်ကြပါသည်။ ဆူတတ်၊ ငေါက်တတ်၊ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုဆက်ဆံတတ်ကြပါသည်။ ထိုသို့ဖြစ်လျှင်လူနာအား ပိုမိုစိတ်ထိခိုက်စေပါသည်။ ရောဂါအခြေအနေ ပိုဆိုးစေပါသည်။ ထို့ကြောင့် လူနာအိမ်ရှင်များအား လူနာ၏ ရောဂါသဘောသဘာဝများကို ရှင်းလင်းပြောပြခြင်း၊ ဆွေးနွေးတိုင်ပင်ပေးခြင်းနှင့် အကြံဉာဏ်ပေးခြင်းတို့ကို မလွဲမသွေလုပ်ရန် လိုအပ်ပါသည်။

(၃) ဓာတ်နှိပ်ကုသခြင်း ( Electro-convulsive therapy)


ဤကုသနည်းကို ကျောက်ရုပ်ကဲ့သို့ မလှုပ်မယှက်ဖြစ်နေသော (Stupor) လူနာများ၊ သေကြောင်းကြံစည်ခဲ့သော (Suicide attempt) လူနာများနှင့် ဆေးကျွေးခြင်းဖြင့် မသက်သာသော လူနာများအတွက် အသုံးပြုနိုင်ပါသည်။ စိတ်ကျလူနာတိုင်းအတွက် အသုံးပြုခြင်းမဟုတ်ပါ။ သို့သော် အန္တရာယ်မရှိသလောက် နည်းပါသည်။

Credit : ဒေါက်တာဟန်စိန်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18