Print

နှာစေး၊ နှာပိတ်ရောဂါ

  01-Mar-2017
Preview Image

ခေါင်းအုံခြင်း၊ နှာစေး၊ နှာပိ်တ်ခြင်း၊ လည်ချောင်းထဲသို့ နှာခေါင်းမှ နှာရည်ကြည်များ ကျခြင်း စသည်တို့မှာ ယင်းရောဂါ Catarrh ၏ လက္ခဏာများဖြစ်ကြသည်။ တုပ်ကွေးမိခြင်း၊ အအေးမိခြင်းတို့ကြောင့် ဤကဲ့သို့ ခံစားရပါက တစ်ပတ်နှစ်ပတ်အတွင်း ပျောက်ကင်း သက်သာလေ့ရှိ၏။ ကလေးများမှာ လူကြီးတို့ထက် (၂) ဆ အအေးမိ နှာစေးခြင်း ပိုမိုဖြစ်ပွားစေနိုင်ပြီး ဆောင်းရာသီရောက်လျှင် ဤကဲ့သို့ ဆက်တိုက် ဖြစ်တတ်ကြ၏။ 

 

ကလေးငယ်များ လူကြီးတွေထက် (၂) ဆ အအေးမိ နှာစေးခြင်း ပိုမိုဖြစ်ပွားစေနိုင်ပြီးဆောင်းရာသီရောက်လျှင် ဤကဲ့သို့ ဆက်တိုက်ဖြစ်တတ်ကြ၏။ ကလေးငယ်များ တွင် နှာရည်တောက်တောက်ယိုခြင်း၊ ပါးစပ်မှ အသက်ရှူရခြင်း စသည့်လက္ခဏာများရှိလျှင် သာနံရည်အကျိတ်များ ကြီးနေသောကြောင့်ဖြစ်သည်။ ဤရောဂါခံစားနေရသူ ကလေး သူငယ်များအနေဖြင့် အသက် (၇) နှစ်ကျော်၊ အသက်ရှူလမ်းကြောင်း ဖွံ့ဖြိုးကျယ်ဝန်း လာချိန်နောက်တွင်မူ နှာခေါင်း ပိတ်ခြင်း၊ လျော့သွားကာ သက်သာသွားတတ်ကြပေသည်။သာမန်နှာယိုခြင်း မဟုတ်ဘဲ အနံ့အသက်ရှိသော နှာရည်ယိုခြင်းများ ဖြစ်ပါက နှာခေါင်း အတွင်း တစ်ခုခုပိတ်ဆို့ ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ 

 

အအေးမိခြင်းကြောင့် နှာရည်ယိုခြင်းသည် (၃) ပတ်ထက်ပို၍ ကြာမြင့်လာပါက အခြားအကြောင်းအရင်းတစ်ခုခု (ဥပမာ- ထိပ်ခတ်နာ) ကြောင့် ဖြစ်ပွားနိုင်သဖြင့် ဆရာဝန်ထံ ပြသ၍ ကုသသင့်ပါသည်။ Hay Fever ကဲ့သို့သော ဓာတ်မတည့်ဘဲ တုန့်ပြန်ခြင်းကြောင့် ဖြစ်သော ရောဂါတို့တွင် နှာရည်ကြည်များယိုခြင်း၊ မကြာခဏနှာချေခြင်း၊ နှာမွှန်ခြင်း တို့ ဖြစ်ပွားစေသည်။ ထို့ပြင်ဓာတ်မတည့်ခြင်းကြောင့် နှာခေါင်း၏ အတွင်းသား နံရံ ထူလာပြီး nasal polyps ကို ဖြစ်ပွားစေပြီး ၎င်းကြောင့် မကြာခဏ နှာစေးခြင်း ဖြစ်စေနိုင်သည်။ 

 

nasal polyps ကြောင့် နှာခေါင်းအတွင်း အလယ်၌ ကာရံထားသော အရိုးနုမှာ တစ်ဘက် သို့ရောက်သွားနိုင်ပြီး ကျဉ်းသောဘက်တွင် နှာပိတ်ခြင်းနှင့် နှာမွှန်ခြင်း တို့ ဖြစ်ပွားစေသည်။ ၎င်းကို အသေးစားခွဲစိတ်မှုဖြင့် ဖယ်ရှားပစ်နိုင်ပါသည်။ ထို့ပြင် ဆေးလိပ်သောက်ခြင်း စွတ်စိုသော ညစ်ညမ်းသော လေထုအတွင်းတွင် နေထိုင်ရခြင်း၊ နှာခေါင်း ပွင့်စေသောဆေးရည်များ လွန်ကဲစွာ သုံးစွဲခြင်းတို့ကြောင့်လည်း Catarrh ဖြစ်ပွားစေနိုင်သည်။ 


Credit :
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18