Print

ချောင်းဆိုးခြင်း

  01-Mar-2017
Preview Image

၁။ အာခေါင်ကဖြစ်တဲ့ ချောင်းဆိုးခြင်း

အာခေါင်မိုး နောက်ဖက်နံရံမှာ အရည်တစ်မျိုးမျိုးဆင်းလာခြင်း၊ (နှာခေါင်းမှ နှာရည်ကျခြင်းမျိုး)သို့မဟုတ် ရောင်ရမ်းရောဂါမှ ချောင်းဆိုးရင် တောက်လျှောက် ချောင်းဆိုးမယ်၊ ဆိုးချင်တဲ့အခါ ထထ ဆိုးမယ်၊ ပြင်းပြင်းထန်ထန်ဆိုးပါမယ်။

 

၂။ လည်ချောင်းမှဖြစ်တဲ့ ချောင်းဆိုးခြင်း နာကျင်တတ်ပါတယ်။

လည်မျိုရောင်ရမ်းရောဂါတွင် တွေ့ရတတ်ပါတယ်။ ပြင်းပြင်းထန်ထန်ရှည်ကြာစွာ ရုတ်တရက် ထထဆိုးပြီး အသက်ရှူကျပ်သည်အထိ ဖြစ်တတ်တဲ့ ကြက်ညှာချောင်းဆိုး ပုံစံမျိုး ဖြစ်သည်။

 

၃။ လေလမ်းကြောင်းပြွန်ကြီး ( TRACHEA) မှ ဖြစ်သော ချောင်းဆိုးခြင်း

ချောင်းခြောက် အစပထမတွင် နာကျင်မယ်၊ နောက်ပိုင်းသလိပ်ရပြီး နာကျင်မှု သက်သာ သွားပါသည်။ လေပြွန်ကြီးရောင်ရမ်းရောဂါတွင် တွေ့နိုင်ပါသည်။ လေပြွန်ကြီးကို ပိတ်ဆို့တဲ့ ကင်ဆာရောဂါဆိုလျှင် တောက်လျှောက် ပြင်းပြင်းထန်ထန်ဆိုးပြီး အသက်ရှူကျပ် ကာ နှုတ်ခမ်းပြာခြင်း၊ သတိလစ်ခြင်းပင် ဖြစ်တတ်ပါသည်။ 

 

၄။ လေပြွန်ငယ်မှဖြစ်သော ချောင်းဆိုးခြင်း

ခေတ္တခဏဖြစ်တဲ့ လေပြွန်ငယ်ရောင်ခြင်းတွင် ခဏတာရင်ကျပ်ဖြစ်ပြီးမှ သို့မဟုတ် ခဏတာချွဲကျပ်ခြင်းနဲ့ တွဲပြီးဖြစ်ဖြစ် ရင်ထဲတွင် တင်းတင်းကျပ်ကျပ်ဖြစ်ပြီး ချောင်းဆိုး ပါသည်။ အစပထမတွင် ချောင်းခြောက်ဖြစ်ပြီး နောက်မှ သလိပ်ထွက်ပြီး နာကျင်မှု သက်သာသွားပါသည်။

 

၅။ လေပြွန်ငယ် နာတာရှည်ရောင်ခြင်း

တောက်လျှောက်ဆိုးမယ်၊ သလိပ်ထွက်သည်အထိ ဆိုးပါမယ်။ သလိပ်က ပျစ်နှစ်နေတော့ အသက်ရှူရတာ အခက်အခဲ ဖြစ်ပါတယ်။ ခဏခဏချောင်းဆိုးပြီး မောမယ်၊ ရင်ကျပ်မယ်၊ ခံရခက်မယ်၊ အိပ်ရာဝင်ခါနီးရင် ခဏခဏနဲ့ ပြင်းထန်မယ်၊ အိပ်ရာထမှာ လည်း ဖြစ် တတ်ပါတယ်။ ရာသီဥတုပြောင်းလဲခြင်း၊ စီးကရက်ခိုး၊ ဖုန်မှုန့်၊ မီးခိုး၊ ရယ်လိုက်စဉ် ၊ လေ့ကျင့်ခန်းလုပ်စဉ် ချောင်းပိုဆိုးတတ်ပါသည်။ ပန်းနာရင်ကျပ်သမားတွေ ရုတ်တရက် ကြားထပြီး ချောင်းဆိုးတတ်ပါတယ်။ ၄င်းနောက် မောခြင်း၊ ရင်ကျပ်ခြင်း၊ ဖြစစ်တတ်ပါသည်။ ညဉ့်လယ်ခေါင်မှာ အိပ်ရာမှ နိုးထခြင်းကို ဖြစ်စေပါသည်။

 

၆။ လေပြွန်ကင်ဆာရောဂါ

လေပြွန်ကင်ဆာရောဂါတွင် ဖြစ်စတွင် တောက်လျှောက်ချောင်းဆိုးပါသည်။ အစပထမ တွင် ချောင်းခြောက်ဆိုးပြီး ကင်ဆာပိုကြီးလာပြီး လေပြွန်ပိတ်လျှင် ပို၍ခံရ ခက်သော ချောင်းဆိုးခြင်းဖြစ်လာပါတယ်။ 

 

၇။ လေပြွန်ငယ်တွင် ပြည်တည်ခြင်းကြောင့် ချောင်းဆိုးခြင်း

သလိပ်ထွက်ပါသည်။ ခန္ဓာကိုယ်အနေအထားပြောင်းတာနဲ့ ချောင်းဆိုးပါတယ်။ သူတို့တွေ ညဘက်ကျရင်ဖြစ်တဲ့ အဆုတ်ဘက်သို့ စောင်း၍ အိပ်တတ်ပါသည်။ အနံ့ဆိုးလည်း ပါးစပ်မှ ထွက်တတ်ပါသည်။

 

၈။ အဆုတ်ရောင်နမိုးနီးယားနှင့် အဆုတ်ပြည်တည်နာ

ပထမတွင် အခြောက်ဆိုးဖြစ်ပြီး နောက်ပိုင်း သလိပ်ရပါသည်။


Credit : အေးကမ္ဘာဒေါက်တာချစ်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18