Print

အဆိပ်သောက်မိခြင်း Swallowed Poisons

  25-Aug-2019
Preview Image

အဆိပ်သောက်မိပါက အဆိပ်ကို မျိုချမိရာလမ်းကြောင်း တစ်လျှောက်ရှိ ပါးစပ်၊ အာခံတွင်းနှင့် အစာခြေလမ်းကြောင်း တစ်လျောက် ယိုယွင်းပျက်စီးစေနိုင်သည့် ယင်းနောက် သွေးထဲရောက်တာ အသက်ကိုပါ ရန်ရှာလာသည်အထိ ဖြစ်လာနိုင်သည်။ အိမ်ရှိမီးဖိုချောင်သုံး၊ သန့်စင်ခန်းသုံး၊ အိမ်သုံးပစ္စည်းများ ဖြစ်ကြသည့် အရောင်ချွတ်ဆေး၊
ကြေး (ဂျီး) ချွတ်ဆေးမှုန့်၊ ပန်းပန်ခွက်ယောက် ဆေးဆပ်ပြာရည်၊ သုတ်ဆေးချွတ်ဆေးရည်များထဲတွင် အဆိပ်သင့်စေနိုင်သော ဓာတုပစ္စည်း အပြင်းစားများ ပါဝင်သည်။ ထို့အတူ အိမ်သုံးဆေး၊ စွဲသောက်နေရသော ဆေးများကို လိုသည်ထက် ပိုသောက်မိပါက သေတတ်သည်။ အဆိပ်သင့်၊ အဆိပ်မိပါက ခံစားရသော ဝေဒနာ
အမျိုးမျိုး ရှိသော်လည်း အများအားဖြင့် ပျို့အန်မည်။ ရင်ခေါင်း၊ ဝမ်းခေါင်းထဲတွင်ပူမည်။ ထို့နောက် သတိလစ်သွားခြင်း စသည့်ဝေဒနာများကို ခံစားကြရတတ်သည်။

လက်တွေ့နည်း အဆိပ်သင့်သူကို ပြုစုခြင်း



အဆိပ်သင့်မှု ကာကွယ်ထိန်းချုပ်ရေးဌာနသို့ အကြောင်းကြားပါ။ မည်သည့်အဆိပ်ကို သောက်မိသည်ကို ကြိုးစားရှာဖွေကြည့်ပါ။ အဆိပ်သောက်မိသူ သတိလစ်သွားလျှင်၊ (သို့) အသက်ရှူရပ်သွားလျှင် အရေးပေါ် အသက်ကယ်ပြုစုမှုကို ဆောင်ရွက်ပါ။

သတိ

အဆိပ်သောက်ထားသူ အန်စေရန် မကြိုးစားရပါ။ လောင်စာစေတတ်သော သတ္တိရှိသည့် အဆိပ်ဆိုပါက ထိုသို့အန်အောင် ပြုလုပ်မိခြင်းကြောင့် အဆိပ်ကြောင့်လည်ချောင်းကို ထပ်မံလောင်စား သွားစေနိုင်ပါသည်။

(၁) လူနာတင်ယာဉ်ကိုခေါ်ပါ။ မည်သည့်အဆိပ်ကို သောက်ထားသည်။ မည်မျှများများ သောက်ထားမိသည်ကို သိအောင်ကြိုးစားကြည့်ပါ။ လူနာတင်ယာဉ်ကို ဖုန်းဆက်ခေါ်ကတည်းက ဖုန်းလက်ခံဖြေကြားသူ (သို့) အော်ပရေတာ တို့ကိုအသေးစိတ် အချက်အလက်များကို ပြောပြထားပါ။ ယင်းကဆရာဝန်များ ပြုစုကုသမှု ကုထုံးကို စဉ်းစားသည့်အခါ အထောက်အကူဖြစ်စေမည်။ (အခြားတိုင်းပြည်များရှိ အဲမ်ဗျူးလဲန်စ်ခေါ် လူနာတင်ယာဉ်တိုင်းတွင် အရေးပေါ် အသက်ကယ်ပြုစုမှု ကျွမ်းကျင်သူပါလာရသည်။ ဆေးဝါး၊ ကိရိယာ အစုံအလင်ပါသည်။ ဆက်သွယ်ရေးစက်ပါသည်။ လူနာတင်ယာဉ်ခေါ်စဉ်ကပြောပြထားသော လူနာ၏ အခြေအနေ၊ အချက်အလက် အသေးစိတ်ပေါ်မူတည်ကာ အဆိုပါ ယာဉ်ပေါ်ပါ မက်ဒစ် (medic) ခေါ်လူနာပြုစုမှု ကျွမ်းကျင်သူ (ဆရာဝန်မဟုတ်) ကို ထိုလူနာ တင်ယာဉ်လွှတ်လိုက်ရာ ဆေးရုံမှ ဆရာဝန်က မည်သည့်ဆေးထိုးရန်၊ သွင်းထားရန် မည်သည့် လက္ခဏာတို့ကို ဂရုစိုက်ကြည့်ရန် မည်သည့်လက္ခဏာတွေက မည်သို့ပြုစုကုသရန် မှာလိုက်လေ့ရှိသည်။

 

 လူနာကို ခေါ်လာပါကလည်း လမ်းတစ်လျှောက်ဆက်သွယ်ရေး စက်မှတစ်ဆင့် အပြန်အလှန်အစီရင်ခံ ညွှန်ကြားကား အရေးပေါ် အသက်ကယ်ပြုစုမှုကို ပေးရသည်။ အရေးပေါ် အသက်ကယ်ပြုစုမှု ယာဉ်ပေါ်တွင်လည်း ရက်စ်ကျူး (Rescue) ဟူသော စာတန်းပါသည်။ အဆိပ်သင့်သူက မပြောပြနိုင်ပါက အနီးအနားပတ်ဝန်းကျင်တွင် ပုလင်းလွတ်၊ ဘူးခွံအပါအဝင်ကာယကံရှင် သောက်မိထားသောပစ္စည်းနှင့် အဆက်အစပ် ရှိပုံရသောအရာ တို့ကိုရှာဖွေ သိမ်းဆည်းထားပြီး ဆေးရုံရောက်လျှင် ယင်းပစ္စည်းတို့ကို ဆရာဝန်အား ပြပါ။

(၂) အဆိပ်ရည် စွန်းပေနေသော အဝတ်အထည်များကို ချွတ်ပစ်ပါ။ ပါးစပ်နှင့်နှုတ်ခမ်းတဝိုက် စွန်းပေနေသော အဆိပ် အစအန အကြွင်းအကျန်များကိုလည်း သုတ်ပစ်ပါ။ ယင်းသို့ လဲလှယ်သုတ်ပစ်ပါ။ ယင်းသို့ လဲလှယ်ပစ်သည့်အခါ အဆိပ်မထိမိသေးသော နေရာ (သို့) အရေပြားပေါ်တွင် အဆိပ်များ စွန်းပေ မသွားစေရန် ဂရုစိုက်ပါ။

(၃) လောင်စားစေတတ်သော ဓာတုပစ္စည်းများ နှုတ်ခမ်းကို လောင်ပါက ပါးစပ်အာခံတွင်းနှင့် လည်ချောင်းအတွင်း အလောင်၊ အပူလျော့ပါးစေရန် နို့အေး (သို့) ရေအေးအေးအနည်းငယ်ကို တိုက်သင့်သည်။ ကာယကံရှင် စိတ်မပူစေရန် အားပေးဖျောင်းဖျပါ။ အရက်(မက်သနော) အဆိပ်သင့်သူ ဆိုပါက ထိုသူအအေးမမိစေရန် စောင်ခြုံထားပေးပါ။

(၄) ထိုစဉ် လူနာသတိလစ်သွားပါက ရီကာဗာရီ အနေအထားနှင့်တစောင်းထားပါ။ လက်ကောက်ဝတ် သွေးခုန်နှုန်း အသက်ရှူပုံနှင့် လူနာ၏ တုံ့ပြန်ပုံတို့ကို မှန်မှန်စောင့်ကြပ် အကဲခတ်ထားပါ။ လိုအပ်ပါက CPR အရေးပေါ် ပြုစုနည်းကို သုံးနိုင်ရန် ပြင်ဆင်ထားပါ။

Credit : ဒေါက်တာသန်းထွဋ်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။


 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18