Print

ဆေးလိပ်စွဲခြင်းအကြောင်း

  01-Mar-2017
Preview Image

ဆေးလိပ်စွဲခြင်းသည် ဆေးလိပ်စသောက်ခြင်းက စပါသည်။ ဆေးလိပ် စသောက်ခြင်းသည် ဆေးလိပ်အပေါ် စိတ်ဝင်စားခြင်းနှင့် ဆေးလိပ်နှင့် နီးစပ်ခြင်းကြောင့်ဖြစ်သည်။ ဆေးလိပ်အပေါ် စိတ်ဝင်စားခြင်းနှင့် ဆေးလိပ်နှင့် နီးစပ်ခြင်းကြောင့်ဖြစ်သည်။ ဆေးလိပ် စသောက်မိရာမှ ဆက်ကာ ဆက်ကာ သောက်လိုခြင်းသည် ဆေးရွက်ကြီးတွင် ပါဝင်သော နစ်ကိုတင်း (Nicotine) ခေါ် ဓာတ်တစ်မျိုးဖြစ်ကြောင်း သိပံသုတေသီတို့က ဆိုကြ၏။ ဆေးလိပ်တစ်ဖွာ တစ်ရှိုက် သောက်လိုက်သဖြင့် ခန္ဓာကိုယ်တွင်းသို့ ဝင်သွားသော ဆေးလိပ်ငွေ့တွင် နီကိုတင်းဓာတ်များပါသွားရာ ယင်းပမာဏ၏ လေးပုံတစ်ပုံသည် ဦးနှောက်ကို နှိုးဆွပေးသည်။ 

 

အာရုံစူးစိုက်မှု အားကောင်းစေသည်။ စဉ်းစားတွေးခေါ်မှုနှင့် သင်ယူမှု ကောင်းစေသည်။ စိတ်ပျော်ရွှင်လန်းဆန်းစေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေသည်။ ဤသို့ အာနိသင်များကို အလိုရှိသဖြင့် ဆက်လက်သောက်သုံးလာကြသည်။ ထိုမှ တဖြည်းဖြည်းစွဲလာခြင်း ဖြစ်သည်။ဆေးလိပ်စွဲနေသူတစ်ယောက် ဆေးလိပ်ဖြတ်လျှင် အလွန်အမင်း ဆေးလိပ်သောက် လိုသော ဆန္ဒဖြစ်ပေါ်တတ်သည်။ စိတ်မငြိမ်မသက် ဖြစ်တတ်သည်။ 

 

အာရုံစိုက်မရ ဖြစ်တတ်သည်။ ခေါင်းထဲမကြည်မလင် ဖြစ်နေတတ်သည်။ အလုပ်ကောင်းကောင်းမလုပ်နိုင် ဖြစ်တတ်သည်။ ဤလက္ခဏာများကို သီးတင်းပတ်အနည်းငယ်၊ ထို့ထက်ကြာလျှင် လအတန်ငယ်အတွင်း တွေ့နိုင်သည်။ သို့ရာတွင် ဆေးလိပ်ဖြတ်လိုက်သောသူသည် စားသောက်ချင်စိတ်ပိုကောင်းလာခြင်း၊ ခံတွင်းကောင်းလာခြင်း လူက စိုစိုပြည်ပြည် ဝဝဖြိုးဖြိုး ဖြစ်လာပါလိမ့်မည်။ 

 

Credit:
ဒေါက်တာဟန်စိန် (စိတ်ကျန်းမာရေးဆရာဝန်ကြီး)
စိတ်သန့်ရှင်းရေးနှင့် စိတ်ကျန်းမာရေးစာအုပ်မှ ကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18