Print

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ

  01-Mar-2017
Preview Image

မည်သည့် စက်ယန္တရားပင်မဆို ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် အမြဲပုံမှန် အသုံးပြုနေရန် လိုအပ်ပါသည်။ လူ့ခနွာကိုယ်သည်လည်း အလားတူပင်။ သို့သော်လည်း ယနေ့ခေတ်တွင် လူတို့သည် ကိုယ်ခနွာကို အသုံးပြုမှု တဖြည်းဖြည်း နည်းပါးလာကြသည်ကို စိတ်မကောင်းဖွယ် တွေ့မြင်နေရသည်။ နံနက်လင်း၍ အိပ်ရာထကတည်းက ကိုယ်ပိုင် ကားလေးဖြင့် ကျော့ကျော့ကလေးမောင်းသွား၊ ရုံးတွင်လည်း တစ်နေကုန်အလုပ်ထိုင်လုပ်၊ အပြန်ကိုလည်း ကားနှင့်ပြန်၊ ရထားနှင့်ပြန်သူကပြန်။ အိမ်ရောက်တော့လည်း အနားယူကာ တီဗီရှေ့တွင် ပက်လက်ကုလားထိုင်နှင့် ကြည့်ပြီး ညအိပ်ရာထဲ တန်းဝင်ကြသည်။ 

 

ဤကဲ့သို့သော် နေထိုင်မှုပုံစံကြောင့် ကိုယ်ခနွာအတွင်း ချို့ယွင်းလာပြီး မကျန်းမမာဖြစ်လာကြသည်။ စားသောက်လိုက်သော အစားအစာများမှ ရရှိသော စွမ်းအင်များကလည်း အသုံးချရန် မလိုသဖြင့် မလောင်ကျွမ်းနိုင်ပေ။ ထို့ကြောင့် လူမှာပို၍ ထိုင်းမှိုင်းလေးလံလာပြီး ကိုယ်ခန္ဓာအတွင်း ယိုယွင်းမှုများ ဖြစ်လာရသည်ကို လူတိုင်း နားလည်သဘောပေါက်သင့်ပါသည်။

 

လူတိုင်းလူတိုင်းသည် တစ်နေ့လျှင် အနည်းဆုံး တစ်ခါ ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ် သင့်သည်။ အလုပ်ခွင်သို့ အသွားတွင် အနည်းဆုံး အတိုင်းအတာတစ်ခုမျှ လမ်းလျှောက်သင့်သည်။ (ဥပမာ-ဘတ်စ်ကားဖြင့် အလုပ်သွားသူ ဖြစ်ပါက တစ်မှတ်တိုင်စာမျှ လမ်းလျှောက်သင့်သည်။) ထို့ပြင် တစ်ပတ်တစ်ခါ အားလပ်ရက်တိုင်း ကိုယ်ဝါသနာပါရာ ရေကူးခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ တာတိုလမ်းလျှောက်ခြင်း စသည်တို့ကို သတိထား၍ တာဝန်တစ်ခုအနေဖြင့် မပျက်မကွက် ပြုလုပ်ရပေမည်။

 

အားကစားလုပ်ရန် နာရီဝက် သတ်မှတ်ထားသည် ဆိုပါက မိနစ်အနည်းငယ်မျှ လုပ်လိုက် (၅) မိနစ်မျှ နားလိုက် လုပ်ကာ နားနားနေနေ ပြုလုပ်သင့်သည်။ လမ်းလျှောက်သည် ဆိုလျှင်လည်း စစ်သားတစ်ဦးပမာ ခေါင်းမော့ရင်ကော့၍ ဒူးကို အနည်းငယ်ကွေးညွတ်နေစေပြီး လျှောက်ပါက ကျန်းမာရေးအတွက် အထူးသင့်တော်သော ပုံစံဖြစ်ပါသည်။ မည်သည့် ကိုယ်လက် လှုပ်ရှားမှုမျိုးမဆို သင်စိတ်ဝင်စားပါက ပြုလုပ်နိုင်သည်။ တဖြည်းဖြည်းနှင့် ခံနိုင်ရည်စွမ်းအား တိုးတက်လာမည်မှာ မုချဖြစ်ပါသည်။


Credit:
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18