အချိန်မှန်မှန်အိပ်ရန်လို
05-Aug-2019
ကျွန်တော်တို့ခန္ဓာကိုယ်သည် သူ့အလိုလိုလုပ်နေသည်။ ကျွန်တော်တို့က
အနည်းငယ် အကူအညီပေးရန်သာလိုသည်။ အိပ်ခြင်း၊ နိုးခြင်းသည်လည်း သဘာဝအရသာရှိပြီးသား လုပ်ငန်းတစ်ခုဖြစ်သည်။
“ သူ့အချိန်နှင့်သူ လည်ပတ်နေတတ်ခြင်း (Circadian Rhythm) ဖြစ်သည်။ သူ့ကိစ္စကို ကျွန်တော်တို့က
တစ်ခါတစ်ရံ အကြောင်းကြောင့် နှောင့်ယှက်လိုက်သကဲ့သို့ဖြစ်၍သာ
မူမမှန်အိပ်ခြင်း ပြဿနာများ ဖြစ်ရခြင်းဖြစ်သည်။ အိပ်မပျော်သူများအတွက် ဆေးဝါးအကူအညီမလိုသော
ကောင်းကောင်း အိပ်ပျော်စေသည့် ကျန်းမာရေးနည်းလမ်း (Sleep Hygiene) ကို တင်ပြလိုပါသည်။
အောက်ပါအချက် ၁ဝ ချက်ကို လေ့ကျင့်လိုက်နာရုံသာဖြစ်သည်။
၁။ အချိန်မှန် အိပ်ပါ။
၂။ အချိန်မှန်ထပါ။
၃။ မနက်ပိုင်းနှင့် ညပိုင်း မိမိသင့်လျော်ရာ အားကစားလေ့ကျင့်ခန်း
တစ်ခုခုလုပ်ပါ။
၄။ ညစာကို အနည်းငယ်သာစားပါ။
၅။ အိပ်ရာကုတင်သည် သက်သောင့်သက်သာ ရှိပါစေ။
၆။ တိတ်ဆိတ်အေးချမ်းသော အိပ်ခန်းဖြစ်ပါစေ။
၇။ အိပ်ရာခုတင်သည် အိပ်ဖို့သာဖြစ်သင့်သည်။ အိပ်ရာပေါ်မှကြည့်ခြင်း၊
အလုပ်လုပ်ခြင်းမျိုး မဖြစ်သင့်ပါ။
၈။ စိတ်ကိုနှိုးကြွစေသော အစားအသောက်နှင့် ဆေးဝါးများကို
ရှောင်ကြဉ်ပါ။
၉။ တော်တော်နှင့် အိပ်မပျော်လျှင် အိပ်ရာမှထ၍ တစ်ခုခုလုပ်နေလိုက်ပါ။
အိပ်ရာထဲ၌ ဘာကြောင့် အိပ်မပျော်ရတာလဲဟု တွေးမနေသင့်ပါ။
၁ဝ။ မလိုအပ်ဘဲ နေ့လယ်နေ့ခင်း မအိပ်သင့်ပါ။
Credit : ဒေါက်တာဟန်စိန်
သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍
Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

