Print

လိုက်လျောညီထွေ နေတတ်စေ

  29-Jul-2019
Preview Image

ဆေးပညာဝေါဟာရအနေဖြင့် ADJUSTMENT DISORDER ဟုခေါ်ပါသည်။ အခြေအနေသစ် တစ်ရပ်ရပ်ကြုံတွေ့သောအခါ ယင်းအခြေအနေနှင့် အဆင်ပြေအောင်၊ သင့်တင့်လျောက်ပတ်အောင် မနေတတ်သဖြင့် (စိတ်မထားတတ်သဖြင့်) ဖြစ်ပေါ်လာသော ရောဂါတစ်မျိုးဖြစ်ပါသည်။

ဤရောဂါ၏ ဝိသေသလက္ခဏာများမှာ ..
က။ ပြောင်းလဲလာသော အခြေအနေသစ် အထင်အရှားရှိခြင်း၊
ခ။ အခြေအနေသစ်ပေါ်ပေါက်လာပြီး ၁ လ မှ ၃ လအတွင်း ဖြစ်တတ်ခြင်း၊
ဂ။ စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုသည် အခြေအနေသစ်နှင့် ဆက်စပ်မှုရှိကြောင်း နားလည်နိုင်ခြင်း၊
ဃ။ ငယ်စဉ်ဘဝအတွေ့အကြုံျနှင့် အခြေခံကိုယ်ရည်ကိုယ်သွေး အားနည်းသောကြောင့် အခက်အခဲ ပိုမိုတွေ့ရတတ်ခြင်း၊
င။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများ ပေါ်ပေါက်လာခြင်း၊

နှစ်သိမ့်ဆွေးနွေး၊ စိတ်အားမြှင့်ပေး

ဤရောဂါအတွက် အဓိက ကုသနည်းများမှာ စိတ်ပိုင်းဆိုင်ရာ ကုသနည်းနှင့် လိုအပ်သည့် ဆေးဝါးပေး၍ ကုသနည်းတို့ ဖြစ်ပေသည်။ စိတ်ပိုင်းဆိုင်ရာကုသနည်းတွင် (က) လူနာအား သူ့ခံစားချက်များ၊ ပြဿနာများကို ဖွင့်ဟပြောဆိုစေခြင်းနှင့် (ခ) အခြေအနေသစ်ကို လက်ခံ၊ ရင်ဆိုင်၊ ဖြေရှင်းနိုင်သည့်စိတ်မျိုး ထားနိုင်လာစေရန် နှစ်သိမ့်အားပေးခြင်းတို့ ပါဝင်ပါသည်။ ထို့အပြင် လူနာ၏ ပြဿနာဖြေရှင်းရေးအတွက် လူနာနှင့် ပတ်သက်သမျှ ပုဂ္ဂိုလ်များအား တွေ့ဆုံမေးမြန်းဆွေးနွေးခြင်းကိုလည်း ပြုလုပ်ရန်လိုပါသည်။ အချို့လူနာများသည် ကြုံတွေ့နေရသော အခြေအနေပေါ် မူတည်၍ မိမိကိုယ်မိမိ သေကြောင်းကြံခြင်း၊ အရက်နှင့်မူးဟစ်ဆေးဝါးများ သုံးစွဲခြင်း စသည့် အပြုအမူမျိုးကို ပြုမူတတ်ကြ၏။ ထိုအပြုအမူမျိုးကို တားမြစ်ရန်လိုပါသည်။ ဆေးဝါးများဖြင့် ကုသနည်းတွင် အိပ်ဆေး၊ စိတ်ငြိမ်ဆေးနှင့် စိတ်အားမြှင့်ဆေး စသည်တို့ကို အသုံးပြုရပါမည်။

Credit : ဒေါက်တာဟန်စိန်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18