Print

အရုပ်များနဲ့ ကလေးရဲ့ကျန်းမားရေး

  22-Jul-2019
Preview Image

ကလေးတွေဟာ စားစရာမဟုတ်တဲ့ ပစ္စည်းတွေကို ပါးစပ်ထဲထည့်တဲ့ အကျင့်ရှိတက်ပြီး တစ်ခါတစ်ရံ မျိုချတဲ့အထိပါ ပြုလုပ်တက်ကြပါတယ်။ သတ္တုနဲ့ပြုလုပ်ထားတဲ့ အရုပ်တွေ၊ ဈေးပေါတဲ့ ရတနာပစ္စည်းအတုတွေမှာ ခဲ၊ ကက်ဒမီယမ်ဒြပ်စင် (Cadmium) တွေလိုမျိုး အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေ ပါဝင်လေ့ရှိပါတယ်။ ဒီလိုအရာတွေက ကလေးငယ်ရဲ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်ပါ သလားဆိုတဲ့ မေးခွန်းပေါ်လာပြီး ပညာရှင်တွေ အဖြေရှာခဲ့ကြပါတယ်။ လေ့လာမှုတွေအရ ဈေးကွက်ထဲမှာ သုံးစွဲသူအာမခံချက်မရှိဘဲ ဈေးပေါပေါနဲ့ ဝယ်ယူရရှိနိုင်တဲ့ သတ္တုအရုပ်တွေနဲ့ လက်ဝတ်ရတနာ ပစ္စည်းအတုတွေဟာ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ အဖြေရရှိခဲ့ပါတယ်လို့ Science Daily သုတေသနဂျာနယ်မှာ ဖော်ပြလာပါတယ်။

အထက်ပါ သတ္တုနှစ်မျိုးလုံးဟာ ဓာတ်သတ္တိကြပြီး အဆိပ်သင့်စေနိုင်ပါတယ်။ ဈေးကွက်အတွင်းက အချို့သော အရုပ်တွေမှာ ကြေးနီ၊နီကယ်၊ အာဆင်းနစ်နဲ့ ခနောက်စိမ်းတွေပါ ပါဝင်နေတာကို တွေ့ရှိခဲ့ရပြီး ဒါက ကြီးမားတဲ့ပြဿနာ ဖြစ်လာပါတယ်လို့ သုတေသန ပြုမှုမှာပါဝင်ခဲ့တဲ့ ပညာရှင်တစ်ဦးက ဆိုခဲ့ပါတယ်။ စမ်းသပ်မှုတွေအရ ဒီသတ္တုတွေဟာ အစာချေလမ်းကြောင်းတစ်လျှောက် လှုပ်ရှားနိုင်ပြီး အချို့အစိတ်အပိုင်းတွေကို အဆိပ်သင့်စေတာကို တွေ့ရှိခဲ့ပါတယ်။

သုတေသီတွေက ခဲ၊ နီကယ်သတ္တုတွေကို ကလေးတွေ ထိတွေ့ကိုင်တွယ်တဲ့အခါမှာ အန္တရာယ်မရှိဘဲ ထိတွေ့ကိုင်တွယ်လို့ရမယ့် စံသတ်မှတ်ထားလို့ရမယ့် ပါဝင်မှုအဆင့်ကိုလည်း ရှာဖွေနေခဲ့တယ်လို့ သိရပါတယ်။ ခဲနဲ့နီကယ်သတ္တု ဓာတ်သတ္တိကြွမှု အနည်းအများပေါ် မူတည်ပြီး ကလေးငယ်တွေမှာ ဗိုက်နာခြင်း၊ မူးဝေအော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းနဲ့ နာတာရှည်ရောဂါ အမျိုးမျိုး ဖြစ်ပေါ်စေနိုင်တာကို အချက်အလက်တွေကတစ်ဆင့် တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ခဲနဲ့နီကယ် ဆိပ်သင့်မှုကြောင့် ခံစားရတဲ့ နာတာရှည်ရောဂါက ကလေးငယ်တွေမှာ ပြန်မကောင်းနိုင်တော့တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုတွေကိုပါ ဖြစ်ပေါ်စေနိုင်တယ်လို့ သုတေသီ တွေက သတိပေးပြောကြားထားပါတယ်။

Credit : People

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18