Print

ကိုယ်ဝန်ဆောင်စဉ် ဝမ်းချုပ်ခြင်းအား သက်သာစေရန်

  21-Jul-2019
Preview Image

ကိုယ်ဝန်ရှိနေလား၊ ဝမ်းရော ချုပ်နေသလား၊ ရှက်မနေပါနဲ့။ ဒီပြဿနာဟာ သင်တစ်ယောက်ထဲ ခံစားနေရတာမဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်တွေမှာ ဘာဖြစ်လို့ ဝမ်းချုပ်ကြတာလဲ။ အကြောင်းအရင်းက နှစ်ခုရှိတယ်။ တစ်ခုက ကိုယ်ဝန်ဆောင်စဉ်မှာ ပြောင်းလဲလာတဲ့ ဟော်မုန်းတွေက အစာခြေဖျက်မှုကို အားမပေးလို့ရယ်၊ နောက်တစ်ခုက ကိုယ်ဝန်ဆောင်အားဆေးတွေက သံဓာတ် ပါဝင်မှုများတဲ့အတွက် ဝမ်းချုပ်စေတာပါ။

ကဲ ကိုယ်ဝန်ဆောင်တွေမှာ ဝမ်းချုပ်ခြင်းက သက်သာအောင် ဆေးသောက်စရာမလိုဘဲ ဘယ်လိုလုပ်ကြမလဲ။

၁။ နေ့စဉ်စားနေကျ အစားထဲမှာ လတ်ဆတ်တဲ့သစ်သီးတွေ၊ အရွက်တွေ၊ အစေ့အဆန်တွေ ထပ်ပေါင်းထည့်လိုက်ပါ။ အမျှင်ဓာတ်က ဝမ်းချုပ်တာကို သိသာစွာ သက်သာစေပါတယ်။

၂။ ရေများများသောက်ပါ။

၃။ မနက်မိုးလင်းလျှင် စပျစ်သီးခြောက် အနည်းငယ်ကို ရေစိမ်၍စားပါ။ ယင်းက အမျှင်ဓာတ်များစွာပါရုံသာမက သဘာဝဝမ်းနှုတ်ဆေးလည်း ဖြစ်ပါတယ်။

၄။ မရသေးရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်ဝန်ဆောင်အားဆေးကို ပြောင်းသုံးကြည့်ပါ။ တချို့တံ ဆိပ်တွေက ဝမ်းချုပ်ခြင်းကို ပိုသက်သာစေပါတယ်။

၅။ အရေးကြီးဆုံးကတော့ ဝမ်းချုပ် လို့ဆိုပြီး ဆရာဝန်မညွှန်ကြားတဲ့ ဝမ်းနှုတ်ဆေးတွေ မသောက်ပါနဲ့။ ယင်းက ကိုယ်ဝန်အပေါ်သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

Credit : မိုင်ကိ


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18