Print

ကလေးဦးနှောက်ထဲ ငှက်ဖျားပိုးဝင်တာကြောင့် တက်ခြင်း

  19-Jul-2019
Preview Image

ကလေးဦးနှောက်ထဲ ငှက်ဖျားပိုးဝင်တာကြောင့် တက်ခြင်းငှက်ဖျားပိုး ဦးနှောက်ထဲဝင်တာဟာ (၁) နှစ် နဲ့ (၅) နှစ်ကြား ကလေးတွေနဲ့ ငှက်ဖျားရှိတဲ့ဒေသကို အသစ်ရောက်လာသူတွေမှာ ဖြစ်နိုင်ချေ များနေသေးတယ်လို့ ကလေးအထူးကုတွေက ဆိုကြပါတယ်။ ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်တာကြောင့် ကလေးတက်တာက မိနစ် (၃၀) ထက်ကြာအောင် တက်တတ်ပြီး၊ တက်တာကျသွားချိန်မှာ သတိကောင်းကောင်း ပြန်မရတတ်ပါဘူး။ ငှက်ဖျားလက္ခဏာတွေဖြစ်တဲ့ သွေးအားနည်းပြီး ဖြူဖျော့နေတာ၊ အသည်းကြီးတာ၊ သရက်ရွက်ကြီးတာ၊ အဖျားကြီးတာ၊ ဌက်ဖျားဒေသမှာ နေတာတွေလည်း

ကလေးမှာတွဲပြီး တွေ့ရမှာဖြစ်ပါတယ်။

 

ဒါ့အပြင် ငှက်ဖျားပိုး ဦးနှောက်ထဲဝင်တဲ့ လက္ခဏာတွေရှိတဲ့ ကလေးဟာ အမြဲမှိန်းနေတာ၊ ကယောင်ကတန်းဖြစ်တာ၊ သတိမကောင်းတာတွေကို သတိမလစ်ခင်မှာ တွေ့ရတတ်ပါတယ်။ သတိလစ်တာ၊ တက်တာတွေ ဖြစ်လာချိန်မှာ အရေးပေါ်ကုသမှု မပေးနိုင်ရင်တော့ အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် အခုလို လက္ခဏာတွေ ပြလာရင် ကလေးကို အမြန်ဆေးရုံပို့ပြီး၊ ငှက်ဖျားထိုးဆေး အားပြင်းပြင်း ထိရောက်အောင် အမြန်ဆုံး သွင်းပေးဖို့လိုပါတယ်။ တကယ်တော့ ငှက်ဖျားရောဂါ စဖြစ်လာချိန်မှာ ဒီငှက်ဖျားပိုး ဦးနှောက်ထဲ ဝင်တဲ့အဆင့်အထိ မရောက်အောင်ကတော့ ရောဂါဖြစ်တာ စောစောသိပြီး၊ ငှက်ဖျားဆေးနဲ့ အမြန်ကုသဖို့ လိုပါတယ်။ ငှက်ဖျား အစထဲက မဖြစ်အောင် ကာကွယ်ဖို့အတွက်လည်း
ဆေးစိမ်ခြင်ထောင် အသုံးပြုနိုင်ပါတယ်။

Credit : ပါမောက္ခ ဒေါက်တာစောဝင်း

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18