Print

တင်ပါးကြီးလိုသူများ အနေဖြင့် ထိုင်ထ လေ့ကျင့်ခန်းလုပ်နိုင်

  05-Jul-2019
Preview Image

တင်ပါးကြီးလိုသူများ အနေဖြင့် ထိုင်ထ လေ့ကျင့်ခန်းလုပ်နိုင်
အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် ထိုင်ထလေ့ကျင့်ခန်းကို လုပ်ခြင်းဖြင့် တင်ပါးကြွက်သားများကို ကြီးထွားသန်မာ စေနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ တင်ပါးလှပလိုတယ်ဆိုရင် ထိုင်ထလေ့ကျင့်ခန်းကိုလုပ်ဖို့ လိုအပ်ပါတယ်။ နေ့စဉ်

မလုပ်နိုင်ရင်တောင် တစ်ပတ်မှာ ၄ ရက်လောက် လုပ်ပေးပါ။ လုပ်တဲ့အခါတိုင်း ၁၀ ကြိမ် ထိုင်ထ ၅ ခါမှ မိမိ လုပ်နိုင်သလောက်အထိ လုပ်ပေးနိုင်ပါတယ်။ ၁၅ မိနစ်ကနေ နာရီဝက်ထိ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ထိုင်ထလေ့ကျင့်ခန်းဟာ တင်ပါးအတွက် ဆိုပေမယ့်လည်း နေ့စဉ်လုပ်ခြင်းဖြင့် အကြောများကို ပြေလျော့စေနိုင်ပြီး ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပါတယ်။ ထိုင်ထနဲ့ တွဲဖက်ပြီးတော့ အခြားသော လေ့ကျင့်ခန်းတွေကို လုပ်နိုင်ပါတယ်။ ထိုင်ထ လေ့ကျင့်ခန်း မိမိအိမ်မှာပဲ လုပ်နိုင်သလို အချိန်နေရာလည်း အများကြီး မလိုအပ်လို့ လူတိုင်းလုပ်နိုင်မယ့် လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

 Credit : ကျော်လင်းနိုင် (ရိုးရာလေး)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



 



Related Articles


Advertisment 18