Print

မွေးကင်းစ ကလေးအရေပြား ပြဿနာ

  04-Jul-2019
Preview Image

မွေးကင်းစ ကလေးငယ်ရဲ့ အရေပြားဟာ မွေးပြီး ပထမ ရက်သတ္တပတ်များအတွင်းမှာ အပြောင်းအလဲများလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ ၉ လလုံးလုံး ကလေးငယ်က မိခင်ရဲ့ သားအိမ်ထဲရှိ နွေးသောအရည်ထဲမှာ မျောနေတာကိုး။ မွေးဖွားပြီး ရက်အနည်းငယ်အတွင်းမှာ အနီစက်လေးများ ဖြစ်ပေါ်လာတတ်ပါတယ်။ သိပ်စိုးရိမ်စရာမလိုပါဘူး။ ဒါ့အပြင် ဝက်ခြံဖုအသေး လေးတွေ ပေါ်လာတတ်ပါတယ်။ ဒါကို Baby Acne လို့ခေါ်ပါတယ်။ ဒါဟာ ကလေးငယ်ရဲ့ သွေးထဲမှာ မိခင်ရဲ့ အီစထရိုဂျင်ဟော်မုန်း အကြွင်းအကျန်တွေ ကြောင့်ဖြစ်လာရတာပါ။ ရက်သတ္တပတ်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ ကလေးငယ်ရဲ့ နှာခေါင်းမှာ အဖြူရောင် အဖုငယ်လေး (Milia) များ ဖြစ်ပေါ်တတ်ပါတယ်။ ဒါကတော့ အဆီအိတ်များ ပိတ်ဆို့ခြင်းရဲ့ ရလဒ်ဖြစ်ပါတယ်။ ဒါ့အပြင် Erythema Toxicum လို့ခေါ်တဲ့ အနီရောင် Pustules လေးများ ဖြစ်ပေါ်လာတတ်ပါတယ်။ အသားအရေ ခြောက်သွေ့ခြင်းကိုတော့ အနံ့မပါတဲ့ ဆပ်ပြာနဲ့ ပုံမှန်ရေချိုးပေးပါက သက်သာပျောက်ကင်းသွားမှာဖြစ်ပါတယ်။

 Credit : ဇင်မာမြင့်

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Related Articles


Advertisment 18