Print

မျက်စိမထိခိုက်အောင် TV ဘယ်လိုကြည့်သင့်သလဲ

  30-Jun-2019
Preview Image

ငယ်ငယ်တုန်းကဆိုရင် TV လျှော့ကြည့်ဖို့ အမေတွေ မကြာခဏဆုံးမတာ ကြုံဖူးကြမှာပါ။ TV ကြည့်တာကြောင့် မျက်လုံးကို တဖြည်းဖြည်း ထိခိုက်နိုင်တဲ့အတွက် ကြည့်တာလျှော့ဖို့ ပြောကြတာ ပါ။ ရုံးမှာ တစ်နေကုန် ကွန်ပျူတာနဲ့ အလုပ်လုပ်ပြီး အိမ်ပြန်ရောက်ချိန်မှာလည်း TV အကြာကြီး ဆက်ကြည့်မယ်ဆိုရင် မျက်စိမလွဲမသွေ ညောင်းညာပြီး ထိခိုက်စေတာကြောင့် လုပ်ဆောင်သင့်တာ လေးအချို့ကို မျှဝေပေးလိုက်ပါတယ်။


မီးများဖွင့်ထားပါ-
အိပ်ရာထဲမှာ အိပ်ရင်း မီးလေးအမှောင်ချပြီး TV ကြည့်တဲ့ အမူအကျင့်ဟာ မျက်စိကိုအဆုံးရွားဆုံး ထိခိုက်စေပါတယ်။ အမှောင်ထဲကနေ အာရုံစိုက်ပြီး ကြည့်ရတာဖြစ်လို့ မျက်စိမပင်ပန်းရလေအောင် TV ကြည့်တဲ့အခါ မီးတွေကို ဖွင့်ထားသင့်ပါတယ်။

အနားပေးပါ-
TV ဆီကို မျက်စိ မခွာဘဲအကြာကြီး ကြည့်နေမယ့်အစား ခဏထပြီး လမ်းလျှောက်တာမျိုး လုပ်ပေးသင့်ပါတယ်။ ပြီးရင်လည်း အဝေးတစ်နေရာရာကို ခဏကြည့်ပေးတာမျိုး လုပ်ပေးရင်း မျက်စိကိုအနားပေးသင့်ပါတယ်။

သင့်လျော်သည့် အကွာအဝေးမှ ကြည့်ပါ-
TV နဲ့အနည်းဆုံး ရှစ်ပေကနေ ဆယ်ပေအကွာလောက် ကြည့်သင့်ပါတယ်။ နောက်ပြီး TVကိုလည်း ကိုယ်နဲ့တစ်တန်းတည်း သင့်လျော်တဲ့အမြင့်မှာ ရှိနေဖို့ လုပ်ထားရပါမယ်။ TV ကို မော့ကြည့်ရတာမျိုး မဖြစ်သင့်ပါဘူး။

မျက်စိညောင်းညာသက်သာ အောင် လုပ်ပါ-
TV ကြည့်ပြီးပြီ ဆိုတာနဲ့ မျက်စိက သေချာပေါက် ညောင်းညာသွားတာမို့ မျက်စိတစ်ဝိုက်ကို ညင်သာစွာ နှိပ်နယ်ပေးတာမျိုး၊ မျက်စိလေ့ကျင့်ခန်း လုပ်ပေးတာမျိုး ပြုလုပ်သင့်ပါတယ်။ နောက်ပြီး ရှစ်နာရီလောက်ကြာအောင် အိပ်စက်ခြင်းဖြင့် မျက်စိကို သေသေချာချာအနား ပေးသင့်ပါတယ်။

စူးရှလွန်းသော အလင်းများကို လျှော့ချပါ-
TV က ထွက်တဲ့ စူးရှလွန်းတဲ့ အလင်းရောင်တွေ အကြာကြီး မကြည့်မိစေဖို့ အထူးမျက်မှန်တပ်ပြီး ကာကွယ်လို့ရပါတယ်။

အလင်းလျှော့ TV သုံးပါ-
ခုနောက်ပိုင်းပေါ်လာတဲ့ မျက်နှာပြင်အပြား TV တွေက စူးရှလွန်းတဲ့ အလင်းတွေ ထုတ်လုပ်မှုနည်းလာတဲ့အတွက် TV ပြောင်းသုံးတာမျိုး လုပ်သင့်ပါတယ်။ မျက်နှာပြင် ကြီးလေလေ၊ မျက်စိ အာရုံစိုက်ကြည့်ရတာ နည်းလေလေဖြစ်တာကြောင့် မျက်နှာပြင်ကြီးတဲ့ TV မျိုးသုံးစွဲသင့်ပါတယ်။

Credit : healthmeup

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18