Print

ဝတ်ခြံမပေါက်အောင် ကာကွယ်နည်း

  29-Jun-2019
Preview Image

ဝတ်ခြံပေါက်လာပြီဆိုရင် စိတ်ထဲမှာ ချက်ချင်းဆိုသလို ညှစ်ပြစ်လိုက်ချင်စိတ်ကို ထိန်းမရဖြစ်တာကို ကြုံဖူးမှာပါ။ ညှစ်လိုက်ရင်လည်း အမာရွတ်တွေ ကျန်သွားမှာကို စိုးရိမ်ရပါတယ်။ ဝတ်ခြံပျောက်အောင် နည်းနည်းတော့ စိတ်ရှည်ရှည်ထားရမယ်။ ဝတ်ခြံပျောက်အောင် လိုက်နာသင့်သော ၅ ချက်ကို ပြောပြမယ်နော်။

★ နွားနို့ထက် ပဲနို့ကို သောက်ပါ။

နွားနို့ကို ကြိုက်လို့ နေ့တိုင်းသောက်နေရင် နွားနို့ထဲမှာ Testosterone လို့ခေါ်တဲ့ ယောကျ်ားဟော်မုန်းဓာတ်တွေ ပါဝင်တဲ့အတွက်ကြောင့် နွားနို့သောက်တာများရင် ဝတ်ခြံပေါက်လွယ်တတ်ပါတယ်။ နွားနို့ထက်စာရင် ပဲနို့ကို သောက်သုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် ပဲနို့ထဲမှာ Isoflavone လို့ခေါ်တဲ့ အမျိုးသမီးဟော်မုန်းဓာတ်များ
ပါဝင်တဲ့အတွက် ခန္ဒာကိုယ်တွင်းက ဟော်မုန်းတွေကို ညီမျှအောင် ဆောင်ရွက်ပေးတဲ့အတွက် ဝတ်ခြံမပေါက်အောင် တားမြစ်နိုင်ပါတယ်။

★ ဗီတာမင်(စီ)ကို သောက်ပါ

ဗီတာမင်(စီ)ဟာ ဝတ်ခြံပေါက်တာကို ကြိုတင်ကာကွယ်ပေးသော ဓာတ်တမျိုးဖြစ်ပြီး အသားအရေကို လှပစေမှာပါ။ ဝတ်ခြံကြောင့် ဖြစ်လာတတ်တဲ့ အစက်အပြောက်တွေကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

★ ဒိန်ချဉ်ထဲမှာ ငှက်ပျောသီး ထည့်စားပါ

ဒိန်ချဉ်ထဲမှာ အသားအရေကို ကျန်းမားသန်စွမ်းစေတဲ့ ဗီတာမင် B2 ပါဝင်ပါတယ်။ ဒိန်ချဉ်ကိုပဲ စားရင်ရသလို၊ ငှက်ပျောသီးကို ထည့်စားသင့်ပါတယ်။ငှက်ပျောသီးအတွင်းမှာ ဗီတာမင် B6 ပါဝင်တဲ့အတွက် အသားအရေရဲ့ ခံနိုင်ရည်စွမ်းအားကို ကောင်းမွန်အောင် လုပ်ပေးပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းကိုလည်း သန့်ရှင်းအောင်
လုပ်ပေးနိုင်သော စွမ်းအင်လည်း ရှိပါတယ်။

★ ဆံပင်ကို စည်းထားပါ

ဝတ်ခြံပေါက်နေတဲ့နေရာကို ဆံပင်နဲ့ထိရင် ပိုပြီး ဆိုးလာတတ်ပြီး အမာရွတ်တွေလည်း ကျန်တတ်ပါတယ်။ ဒါကြောင့် ကလစ်၊ ဆံပင်စည်း သရေပင်ဖြင့် စည်းထားပါ။ ပုံမှန်မှာ သိပ်ပြီး ဆံပင်မစည်းတဲ့သူဖြစ်နေရင်လည်း ဝတ်ခြံပေါက်တာကို ကာကွယ်ဖိုအတွက် အလှပြင်ထားတဲ့ပုံစံလေးနဲ့နေရင် ပိုမကောင်းဘူးလား။

★ ပေါင်ဒါ အမျိုးအစား မိတ်ကပ်လိမ်းပါ

ဝတ်ခြံပေါက်နေရင် ပုံမှန် မိတ်ကပ် အမျိုးအစားကို လိမ်းရင် အနာကို ဖုံးသွားပြီး အနာကျက်ဖို့လည်း အချိန်ပေးရမှာပါ။ ဒါကြောင့် ပေါင်ဒါ အမျိုးအစား မိတ်ကပ်ကို လိမ်းသင့်ပါတယ်။အပေါ်က ၅ ချက်ကို လိုက်နာကြည့်ရင်တော့ ဝတ်ခြံအတွက် ကာကွယ်နိုင်ပြီး သန့်ရှင်းစိုပြေနေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ အမှန်ပါ။

Credit : Chelmo Team

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18