Print

TB intestine (အူတီဘီ)

  26-Jun-2019
Preview Image

တီဘီရောဂါအကြောင်းကို ယနေ့ခေတ်မှာ လူတော်တော်များများ သိရှိလာကြပြီ ဖြစ်ပါတယ်... ဒါပေမယ့် အူတီဘီအကြောင်းကိုတော့ သိတဲ့သူ နည်းပါးကြပါသေးတယ်... ဒါ့ကြောင့် …… အူတီဘီရောဂါ အကြောင်း တင်ပြလိုက်ရပါတယ်။

အူတီဘီဘာကြောင့်ဖြစ်ရတာလဲ။ ဘယ်လိုဆိုရင်ဖြစ်နိုင်လဲ။

ဖြစ်ရတဲ့အကြောင်းအရင်းကတော့ Tuberculus bacilli (TB) ပိုးကြောင့်ဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆိုရင် TB ပိုးက အများအားဖြင့် အသက်ရှူလမ်းကြောင်းကနေ ကူးစက်တတ်ပါတယ်။ ဒါ့အပြင် မသန့်ရှင်းတဲ့ ဒါမှမဟုတ် စနစ်တကျ မကျိုချက်ထားတဲ့ နွားနို့ကိုသောက်သုံးခြင်းကနေလည်း ရောဂါဖြစ်ပေါ်စေနိုင်ပါသေးတယ်။ ဒ့ါအပြင် တချို့သလိပ်ကပ်နေတဲ့ ကလေးငယ်တွေ၊ သတိလစ်နေတဲ့ လူနာတွေမှာ အဆုတ်အတွင်းကနေ ထွက်လာတဲ့ ရောဂါပိုးပါတဲ့ သလိပ်ကို မျိုချမိတာကြောင့် အူလမ်းကြောင်းကို ရောဂါပိုး ရောက်ရှိနိုင်ပါတယ်။ ရောဂါပိုး အူအတွင်းကို ကူးစက်ခံနေရတဲ့ လူနာတွေဟာ နှစ်ပတ်ထက်ကျော်၍ ဖျားခြင်း၊ နုံးခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးကျသွားခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း၊ ခန္ဓာကိုယ်ရှိ အကျိတ်များကြီးထွားလာခြင်း စတာတွေ တွေ့ရတတ်ပါတယ်။ အချို့လူတွေမှာ အူအတွင်း တီဘီအနာကြောင့် အူကျဉ်းပြီး ပိတ်တာ၊ ပေါက်တာအထိ ဖြစ်ပေါ်တတ်ပါတယ်။

အူပိတ်ခြင်းကိုသိနိုင်တဲ့ လက္ခဏာတွေကတော့-
- အကြိမ်များစွာအန်ခြင်း၊
- ဝမ်းချုပ်ခြင်း၊
- ဗိုက်ဖောင်းလာခြင်း စတာတွေ ဖြစ်ပါတယ်။

အူတီဘီ ဟုတ်၊ မဟုတ် စစ်ဆေးခြင်း အနေနဲ့
- TB ပိုးရှိ၊ မရှိ အဆုတ်ဓာတ်မှန်ရိုက်ခြင်း၊
- သလိပ်စစ်ဆေးခြင်း၊
- သွေးစစ်ခြင်း၊
- Barium ဓာတ်သတ္တုသုံး၍ ဓာတ်မှန်ရိုက်ခြင်း၊
- ဝမ်းဗိုက်ကို တီဘီဓာတ်မှန်ခြင်း၊ (ဝမ်းဗိုက်အတွင်းရှိ အကျိတ်ကြီးခြင်းများကိုပါ သိနိုင်သည်။) စတာတွေ ပြုလုပ်နိုင်ပါတယ်။

ကုသမှုကတော့
- အဓိက TB ပိုးကြောင့် ဖြစ်တဲ့အတွက် ပိုးသတ်ဆေး (တစ်နှစ်မှ တစ်နှစ်ခွဲ) အထိ သောက်ရပါမယ်။
- အချို့အူလမ်းကြောင်း ပိတ်နေ၊ ပေါက်နေရင်တော့ ခွဲစိတ်မှုပြုလုပ်ရသည်အထိ လိုအပ်နိုင်တယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေက TB ပိုးကြောင့် ဝမ်းဗိုက်အတွင်း အူလမ်းကြောင်းမှာ ဖြစ်ပွားတတ်တဲ့အကြောင်းကို ဖော်ပြပေးခဲ့တာပါ။ တစ်ခု သိထားသင့်တာက တီဘီပိုးဟာ အဆုတ်၊ အူလမ်းကြောင်းတို့သာမက ကိုယ်ခန္ဓာထဲက ဘယ်အစိတ်အပိုင်းကိုမဆို ရောဂါ ဖြစ်ပွားစေနိုင်တယ်ဆိုတာ သတိပြုသင့်ပါတယ်။

Credit : Dr. hp


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18