Print

အိပ်ချိန်လျော့နည်းသော အမျိုးသမီးများနှင့် နှလုံးရောဂါ

  25-Jun-2019
Preview Image

တစ်ရက်လျှင် ညဘက်အိပ်စက်အနားယူချိန် ၆ နာရီအောက် လျော့နည်းအိပ်စက်ရသော အမျိုးသမီးများဟာ နှလုံးရောဂါ အခြေအနေ ဖြစ်နိုင်ခြေနှုန်း ပိုမိုမြင့်တက် ဆိုးရွားနိုင်ကြေင်း အမေရိကန် သုတေသနပညာရှင်များက မကြာမီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ညဘက်အိပ်စက်အနားယူချိန် ၆ နာရီအောက် လျော့နည်းတဲ့ လုံလောက်စွာ မရရှိနိုင်ကြတဲ့ အမျိုးသမီးများတွင် နှလုံးလုပ်ဆောင် ဖောက်လွဲဖောက်ပြန်ဖြစ်စေသည့် ပြဿနာများ ပေါ်ပေါက်စေကာ ရုတ်တရက် နှလုံးထိခိုက်မှု ဖြစ်နိုင်ချေနှုန်း ပိုမိုမြင့်တက် ဆိုးရွားနိုင်တယ်လို့ သုတေသီတို့က ဆိုပါတယ်။ ထို့ပြင်အမျိုးသမီးများရဲ့ ခန္ဓာကိုယ်ရောင်ရမ်းခြင်း အခြေအနေများကို ပိုမိုဖြစ်စေသည်ဟု ကယ်ဖိုးနီးယား တက္ကသိုလ်မှ စိတ်ရောဂါ ပါမောက္ခသုတေသီတစ်ဦးက ပြောကြားခဲ့ပါတယ်။

သို့ရာတွင် အဆိုပါ ရောင်ရမ်းခြင်းမျိုး၊ နှလုံးသွေးကြော လုပ်ဆောင်မှု ဖောက်လွဲဖောက်ပြန်စေတဲ့ ပြဿနာဖြစ်ခြင်းမျိုးတွေဟာ အမျိုးသမီးများတွင်သာ အဖြစ်များသည်ကို တွေ့ရှိခဲ့ကြရပြီး အမျိုးသားများတွင်မူ ထိုကဲ့သို့ ဖြစ်စဉ်မျိုးတွေ တွေ့ရှိရလေ့ မရှိကြောင်းအဆိုပါ သုတေသီတို့က ပြောကြားခဲ့ပါသည်။ အဆိုပါ သုတေသန ပညာရှင်က  “ ခန္ဓာကိုယ် ရောင်ရမ်းတာဟာ နှလုံးသွေးကြောနှင့် ဆိုင်တဲ့ လက္ခဏာတစ်ရပ်ပါပဲ။ အရင်တုန်းက ကားအကြာကြီးမောင်းရင် ခန္ဓာကိုယ်ရောင်ရမ်းတာတွေ ဖြစ်တယ်ဆိုပြီးဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုတွေ့ရှိခဲ့တဲ့ အိပ်ရေးမဝတဲ့ကိစ္စရပ်ဟာ ခန္ဓာကိုယ်ရောင်ရမ်းမှုကို ပိုမိုဖြစ်စေနိုင်ပါသည်။ အိပ်စက်အနားယူချိန် မလုံလောက်မှု တွေနဲ့ဆက်စပ်ပြီး အခြားသော ကျန်းမာရေးထိခိုက်မှုတွေ ပိုမိုဖြစ်လာနိုင်ပါတယ် ” ဟု ထပ်မံပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံရှိ အသက် ၆ဝ ဝန်းကျင်အမျိုးသား၊ အမျိုးသမီး ၇ဝဝ ခန့်ကို ၅ နှစ်ကြာ သုတေသန ပြုချက်တွေအရ အိပ်ချိန်လုံလောက်မှု မရှိသော အမျိုးသားတွေထက် ခန္ဓာကိုယ်ရောင်ရမ်းခြင်း နှစ်ဆခွဲခန့် ပိုမိုဖြစ်ပွားနိုင်ကြောင်း လေ့လာတွေ့ရှိကြပြီး တွေ့ရှိချက်များတွေကိုလည်း စိတ်ရောဂါသုတေသန ဂျာနယ်တွင်လည်း ဖော်ပြခဲ့ပါတယ်။


Credit : ယွန်း


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18