Print

မေးခိုင်ကာကွယ်ဆေးထိုးခြင်း

  12-Jun-2019
Preview Image

လူနာတချို့သည် ငုတ်စူး၍ဖြစ်စေ၊ ပုလင်းကွဲချ၍ဖြစ်စေ ဆေးခန်းသို့ ရောက်လာသောအခါ မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးဆေး ထိုးပေးမည်ဟုပြောလျှင် “လိုလို့လား ဆရာ၊ သံစူးတာမဟုတ်ဘူး ဆရာ၊ ပုလင်းကွဲစူးတာ၊ ငုတ်စူးတာပါ” စသည်ဖြင့် မေးခိုင်ကာကွယ်ဆေးထိုးရန် ငြင်းပယ်တတ်ကြသည်။ တချို့ဆိုလျှင် သံစူးတာပင်လျှင် သံက အသစ်မို့ သံချေးမရှိတာမို့ မေးခိုင်ကာကွယ်ဆေးထိုးဖို့ မလိုဟု ထင်မှတ်မှားနေကြသည်။
မေးခိုင်ရောဂါပိုးမှာ ဗက်တီးရီးယားပိုးတစ်မျိုးဖြစ်ပြီး အောက်ဆီဂျင်မရှိသောနေရာတွင် ရှင်သန်သည်။ မည်သည့်အရာဖြင့်မဆို (ငုတ်၊ ပုလင်းကွဲ၊ ဆူး၊ သံ) နက်ဝင်သွားပြီး အဝပိတ်သွားသောအခါ အောက်ဆီဂျင် မရရှိနိုင်တော့မှုကို အခွင့်ကောင်းယူကာ မေးခိုင်ပိုးများ ရှင်သန်ပေါက်ဖွားလာသည်။ ထို့ကြောင့် နက်ဝင်သော ဒဏ်ရာမှန်သမျှအတွက် မေးခိုင်ရောဂါကာကွယ်ဆေး ထိုးသင့်သည်။ သံစူးလျှင် သံချေးရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မေးခိုင်ဖြစ်နိုင်ပါသည်။
• နက်ဝင်သောဒဏ်ရာဖြစ်လျှင် မေးခိုင်ကာကွယ်ဆေး ထိုးသင့်သည်။

Credit : ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 


 



Related Articles


Advertisment 18