Print

စိတ်ခံစားမှု ကောင်းမွန်လာစေမည့် နည်းသုံးရပ်

  23-May-2019
Preview Image

စိတ်ညစ်နေပါသလား။ စိတ်ဖိစီးမှုများနေပါသလား။ စိတ်ဓာတ်ကျနေပါသလား။ အချိန်သိပ်ပေးရာမလိုဘဲ ရိုးစင်းလွယ်ကူတဲ့ အောက်ပါနည်းတွေကို လိုက်နာလိုက်ရုံနဲ့ သင့်တစ်နေတာက ပိုမိုစိတ်ချမ်းသာစရာ ကောင်းလာမှာပါ။


ပွေ့ဖက်ပါ။


သင်ချစ်ခင်တဲ့သူကို စက္ကန့် ၂၀ ကြာ ပွေ့ဖက်လိုက်တာကြောင့် စိတ်ခံစားမှုကို ချက်ချင်းကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ထဲမှာ အောက်ဆီတိုစင်ဟော်မုန်း အထွက်တိုးလာစေလို့ပါ။ ဒါကြောင့် သင့်စိတ်ကို အေးချမ်းပြီး သက်သောင့်သက်သာ ရှိစေပါတယ်။

ထိုင်ရာမှထပြီး လှုပ်ရှားမှုလုပ်ပါ။

ထိုင်ရာကထပြီး ခပ်သွက်သွက် လမ်းလျှောက်ပေးတာကြောင့် စိတ်ကျသက်သာစေတဲ့ တခြားကုထုံးတွေထက် စိတ်ဓာတ်ကျတာကို သက်သာလျော့ပါးစေပါတယ်။

ခေါင်းဖြီးပါ။

ဘီးလုံး ဒါမှမဟုတ် ဝက်မှင်ဘီးနဲ့ ဆံပင်တွေကို ဖြီးလိုက်တာကြောင့် ဦးရေပြားကို နှိပ်နယ်လိုက်သလို အာနိသင်ရရှိစေပြီး စိတ်ဖိစီးမှု လျော့ကျစေပါတယ်။ ဒါက သင့်ဆံပင်သား အတွက်ရော သင့်ဦးရေပြားအတွက်ပါ ကောင်းမွန်စေတဲ့ နည်းကောင်း တစ်ခုပါ။

Credit : ကြယ်စင်


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18